• မိုဒရစ်၊ ကရူးစ်တို့ရဲ့နေရာကို ဆက်ခံဖို့ ရယ်ဒီပဲလို့ ဆက်တိုက်သက်သေပြနေတဲ့ ဘယ်လင်ဟမ်

ဘယ်လင်ဟမ်က ဆက်တိုက် ခြေစွမ်းပြနေခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်မီးရီးယားနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ကွင်းလယ်လူ ဘယ်လင်ဟမ်က ထပ်မံ ခြေစွမ်းပြသွားခဲ့ပါတယ်။

image

ပွဲကစားချိန် (၃) မိနစ်မှာတင် အိမ်ရှင် အယ်လ်မီရီယာရဲ့ ဦးဆောင်ခြင်းကိုခံခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်တို့ မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတင် ဘယ်လင်ဟမ်က ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

image

အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၇၃) မိနစ်မှာတော့ တိုက်စစ်ကြယ်ပွင့် ဗီနီရှပ်စ်ဂျူနီယာက ရီးရဲလ်မက်ဒရစ်အတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်တို့ ရာသီအဖွင့် အဝေးကွင်းနှစ်ပွဲဆက်တိုက် အနိုင်ရလဒ်နဲ့အတူ လာလီဂါအဖွင့်လှနေခဲ့ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ဘယ်လင်ဟမ်ကလည်း အသင်းအတွက် ဆက်တိုက်ဆိုသလိုကို ခြေစွမ်းပြနေခဲ့တာပါ။

ရာသီအဖွင့် ဘီလ်ဘာအိုနဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သေးတဲ့ ဘယ်လင်ဟမ်ဟာ ဒီပွဲမှာလည်း အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဘယ်လင်ဟမ်ကို ရီးရဲလ်မက်ဒရစ်တို့ လက်ရှိနွေရာသီကမှ ခေါ်ယူထားတာဖြစ်ပြီး ဒီအင်္ဂလန်သားကတော့ တိုနီကရူးစ်၊ မိုဒရစ်တို့ရဲ့နေရာကို အစားဝင်ဖို့ အသင့်ဖြစ်နေတာကို ဆက်တိုက် သက်သေပြသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က