ငွေကျပ် သိန်း (၃၄၀) ပျောက်ဆုံးနေတာကြောင့် ကမာရွတ်စခန်းကို တိုင်ကြားခဲ့ပါတယ်။

MRTV ENTERTAINMENT Ltd ရုံးခန်းကနေ သိန်း ၃၄၀ ခိုးယူခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ သတင်းထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့

ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဖြစ်သူက မနက်ရုံးတက်ချိန်မှာ တံခါးဖွင့်မရတာကြောင့် မှန်ပေါက်ကေနေ ကြည့်ရှုချိန်ခဲ့ရာ စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေတာကြောင့် စစ်ဆေးခဲ့ပြီးနောက် ငွေကျပ် သိန်း (၃၄၀) ပျောက်ဆုံးနေတာကြောင့် ကမာရွတ်စခန်းကို တိုင်ကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာမှာတော့ ယခင်က အဆိုပါရုံးမှာ ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့တဲ့ လှိုင်သာယာမြို့နယ်နေသူ ကျော်ဇေယျ(ခ)မောင်မောင် ဖြစ်ကြောင်း သိရှိရတာကြောင့် လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ကျူးလွန်သူက လမ်းမတော်မြို့နယ်မှ CCTV တပ်ဆင်တဲ့ဆိုင်မှာ အလုပ်လုပ်နေတာကို သိရတာကြောင့် ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပြစ်မှုကျူးလွန်သူကို စစ်ဆေးခဲ့ရာကနေ ဝန်ခံထွက်ဆိုခဲ့တာကြောင့် သက်သေခံငွေတွေကို ပြန်လည်သိမ်းဆည်းခဲ့ပြီးတော့ ကျူးလွန်သူ ကျော်ဇေယျ(ခ)မောင်မောင်ကို ဥပဒေနဲ့ အညီအရေးယူထားတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က