ပဲလေ့စ်အသင်းမှာရှိစဉ် တစ်ပတ် ပေါင် တစ်သောင်းသာ ရရှိနေလို့ မန်ချက်စတာအသင်းကိုရောက်ချိန်မှာ မူလ လစာထက် ၇ ဆ ပိုမို ရရှိလာတာလည်း ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ဝမ်ဘစ်ဆာကာကို ပေါင် သန်း ၅၀ နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီလို့ BBC SPORT သတင်းဌာနကဖော်ပြလာပါ တယ်။
ပဲလေ့စ်အသင်းနဲ့အတူ ပထမဆုံး ပွဲဦးထွက်ကို မနှစ်ကမှ စတင်ကစားနိုင်ခဲ့တဲ့ အဆိုပါ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ကို ၅ နှစ်စာချုပ်နဲ့ တစ်ပတ်ကို ပေါင် ၈သောင်း ပေးချေသွားမှာဖြစ်ပါတယ်။
မနေ့ကအထိ ဝမ်ကို ဆေးစစ်မှုတွေ ပြုလုပ်နေသေးတာ ဖြစ်တာကြောင့်လည်း မန်ယူအသင်းက တရားဝင် အတည်ပြု မထုတ်ပြန်နိုင်သေးတာလို့လည်း သိရပါတယ်။
အခုလို ပေါင် ၄၅ သန်းနဲ့အထက် ပေးချေမှုကတော့ မန်ချက်စတာအသင်းသမိုင်းမှာ ပေါ့ဂ်ဘာ၊လူကာကူ၊ဒီမာရီ ယာနဲ့ဖရက်ဒ်တိုု့ပြီး ၅ ဦးမြောက် ဈေးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
ဝမ်ဘစ်ဆာကာကတော့ ဒီရာသီ မန်ယူရဲ့ ဒုတိယမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပြီး အစောပိုင်းက ဆွမ်ဆီးအသင်းနောက်ခံလူ ဒန်နီရယ်ဂျိမ်းကို ခေါ်ယူထားနိုင်ပါသေးတယ်။
အသက် ၁၁ နှစ်အရွယ်မှာ ပဲလေ့စ် အကယ်ဒမီကို ရောက်ရှိခဲ့တဲ့ ဝမ်ကတော့ လက်ရှိမှာ အင်္ဂလန်ယူ-၂၁ အသင်းနဲ့ဥရောပ ယူ-၂၁ ပွဲ ကစားနေတယ်လို့သိရပါတယ်။
ပဲလေ့စ်အသင်းမှာ ရှိစဉ် တစ်ပတ်လုပ်ခ တစ်သောင်းသာရထားပြီး အသင်းသားတွေထဲ လုပ်ခအနည်းဆုံး ကစားသမား ဖြစ်နေပေမယ့် ယခု မန်ယူအသင်းကိုရောက်ချိန်မှာတော့လစာ ၇ဆအထိ မြင့်တက်သွားတာပါ။