Photo - Yangon Region Government
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဘဏ္ဍာငွေလျာထား၍ အတည်ပြုချက် ရယူနိုင်ရေး စီစဉ်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောခဲ့ပါတယ်။
မတ်လ ၄ ရက်နေ့မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းက ငမိုးရိပ်ချောင်း ကမ်းပါးနေရာတွေကို အပန်းဖြေနိုင်အောင်ဆောင်ရွက်ပေးဖို့ရှိ မရှိ မေးမြန်းရာမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ရန်ကုန်မြို့တော် အတွင်းရှိ ငမိုးရိပ်ချောင်း ကမ်းပါးနေရာများအား အများပြည်သူ အနားယူ အပန်းဖြေ နိုင်တဲ့ နေရာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ လက်ရှိအခြေအနေမှာ မြေပြင်ကွင်းဆင်း စိစစ် ခြင်းများ၊ ဆွေးနွေး ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ဆက်လက် ဆောင်ရွက်နေပါတယ်။” လို့ ရန်ကုန်မြို့တော်ဝန်ကပြောပါတယ်။
ငမိုးရိပ်ချောင်း ကမ်းပါးနယ်နမိတ်တစ်လျှောက်မှာ စိမ်းလန်းသာယာစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ ပြင်သစ်နိုင်ငံ ဖံွံ့ဖြိုးရေး အေဂျင်စီရဲ့ အထောက်အပံ့နဲ့ အကောင်အထည်ဖော်ဖို့လျာထား စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဲ့ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ချေးငွေရယူဖို့ သဘောတူညီမှု မရခဲ့တာကြောင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။