လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၆ မိုင်ခန့်အထိ အားကောင်းပြင်းထန်ခဲ့ပါတယ်။

မိုဇမ်ဘစ်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုနဲ့ အာဖရိကတောင်ပိုင်း ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက် ထပ်မံ မြင့်တက်လာကြောင်း အစိုးရဝန်ကြီးတစ်ဦးက ယနေ့ (မတ်လ ၂၄ ရက်) ပြောပါတယ်။

(Photo: ANI)

မုန်တိုင်းကြောင်း နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံရာနဲ့ချီပြီး ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ကြရတယ်လို့ဆိုပါတယ်။ ဆိုင်ကလုန်း Idai က မတ်လ ၁၄ ရက်နေ့မှာ မိုဇမ်ဘစ်နိုင်ငံကို ပင်လယ်ဆိပ်ကမ်းမြို့ Beira အနီးကနေ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။



မိုဇမ်ဘစ်ကို ဝင်ရောက်တိုက်ခတ်ခဲ့စဉ် ဆိုင်ကလုန်း Idai ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၀၆ မိုင်ခန့်အထိ အားကောင်းပြင်းထန်ခဲ့ကြောင်းလည်း သိရပါတယ်။ အဆိုပါ မုန်တိုင်းဟာ မိုဇမ်ဘစ်မှာ ဖြတ်သန်းတိုက်ခတ်ပြီးနောက် ဇင်ဘာဘွေနဲ့ မာလီနိုင်ငံတို့ကို ဆက်လက် ဝင်ရောက်တိုက်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးမှုတွေဖြစ်ကာ လူဦးရေသန်းနဲ့ချီပြီး မုန်တိုင်းအန္တရာယ်ကြုံခဲ့ရပါတယ်။

(Photo: AFP)

မိုဇမ်ဘစ် မြေယာနဲ့ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Celso Correia က သတင်းထောက်တွေကို ယနေ့ ပြောကြားခဲ့မှုအရ မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၄၄၆ ဦးအထိ ထပ်မံ တိုးမြင့်လာကြောင်း သိရပါတယ်။ လူဦးရေ ၅၃၁,၀၀၀ ဟာ မုန်တိုင်းဒဏ်ခံခဲ့ကြရပြီး လူ ၁၁၀,၀၀၀ က ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဆိုင်ကလုန်း Idai တိုက်ခတ်မှုကြောင့် ဇင်ဘာဘွေနိုင်ငံမှာလည်း လူသေဆုံးမှုတွေရှိခဲ့ပြီး ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ အဆိုအရ လူ ၂၅၉ ဦးအထိ သေဆုံးနိုင်ကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် လူသေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက် မေးမြန်းရန်အတွက် ဇင်ဘာဘွေအာဏာပိုင်တွေကို ဆက်သွယ်နိုင်ခဲ့ခြင်း မရှိဘူးလို့ Reuters သတင်းက ပြောပါတယ်။

(Photo: Reuters)

ဆိုင်ကလုန်း Idai ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ မာလီနိုင်ငံမှာလည်း လူ ၅၆ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ အဆိုပါ သုံးနိုင်ငံမှာ အပျက်အစီးများကို ရှင်းလင်းမှုနဲ့ အသက်ရှင်ကျန်သူများကို ရှာဖွေမှုတွေ လုပ်ဆောင်နေကြပါတယ်။ အစိုးရတွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကို မုန်တိုင်းဒဏ်သင့် နေရာဒေသတွေကို အရေးပါ်ကူညီမှုတွေ ဆောင်ရွက်နေပါတယ်။

ယာယီကယ်ဆယ်ရေးစခန်း၊ အစားအစာနဲ့ ရေကိစ္စတို့ကို ကူညီထောက်ပံ့နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။ မိုဇမ်ဘစ်ဝန်ကြီးက စနေနေ့ (မတ်လ ၂၃ရက်) မှာ ပြောကြားခဲ့မှုအရ နေအိမ်ခေါင်မိုးပေါ်နဲ့ သစ်ပင်တွေပေါ်မှာရှိနေတဲ့ လူဦးရေ ၁,၅၀၀ ခန့်ကို ချက်ချင်း ကယ်ဆယ်ရန်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

(Photo: Reuters)

ယနေ့မှာတော့ နေအိမ်ခေါင်းမိုပေါ်နဲ့ သစ်ပင်တွေပေါ်မှာ သောင်တင်နေသူဦးရေ သိသာစွာ လျော့နည်းသွားပြီလို့ အဆိုပါ ဝန်ကြီးက ပြောခဲ့ပေမဲ့ အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောခြင်း မရှိဘူးလို့ဆိုပါတယ်။

ရေကြီးမှုတွေကြောင့် ကာလဝမ်းရောဂါနဲ့ ရေမသန့်ရှင်းမှုကြောင့်ဖြစ်တဲ့ အခြားရောဂါများ အန္တရာယ်ရှိနေပြီး အစိုးရက ကာလဝမ်းရောဂါကုသရေး ဌာနတစ်ခုကို အဆင်သင့်ဖွင်လှစ်ထားကြောင်း ဝန်ကြီး Celso Correia က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မိုဇမ်ဘစ်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁,၀၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း သမ္မတ Filipe Nyusi က ယခုသီတင်းပတ် အစောပိုင်းမှာ ပြောထားခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က