ဖိုဒန်အနေနဲ့ ကစားသမားဘဝရဲ့ ပထမဦးဆုံးအနီကတ်အဖြစ် ပြခံခဲ့ရတာပါ။

မန်စီးတီးလူငယ်ကစားသမားဖီးလ်ဖိုဒန်အနေနဲ့ အတ္တလန္တာကိုအနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနီကတ်ပြထု တ်ပယ်ခံခဲ့ရတာပါ။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၃ အဖြစ် အီတလီစီးရီးအေကလပ်အတ္တလန္တာကိုရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ ၂ဝါ၁နီပြထုတ်ပယ် ခံခဲ့ရတဲ့ လူငယ်ကစားသမားဖီးလ်ဖိုဒန်အပေါ် မန်စီးတီးနည်းပြဂွါဒီယိုလာက ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး လူငယ်တစ်ဦးအတွက် သင်ခန်းစာတစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတ ယ်။

အသင်းအတွက်ဂိုးတစ်ဂိုးရဖို့ဖန်တီးပေးနိုင်ခဲ့ပေမယ့် ကစားပုံကြမ်းတမ်းခဲ့တဲ့အတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရ တဲ့ ဖီးလ်ဖိုဒန်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ အသက်အငယ်ဆုံး ကစားသမားတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။



“ ဖိုဒန်အတွက် အတွေ့အကြုံတစ်ခုဖြစ်လာမှာပါ။ ပထမတစ်ကြိမ်အဝါကတ်ပြခံခဲ့ရပြီးကတည်း သတိထားဖို့အ တွက် သူကိုယ်တိုင်လည်း သိထားမှာပါ။ အခြေအနေအတွက် သင်ခန်းစာယူဖို့ပဲလိုအပ်ပါတယ်။ အနီကတ်၊ အ ဝါကတ်ပြသခံရရုံနဲ့အရေးယူမှုပြုလုပ်ဖို့တော့မရှိပါဘူး။ မိုက်ရူးရဲလုပ်ရပ်ဆိုရင်တော့ တစ်မျိုးတစ်ဖုံဖြစ်လာမှာပါ” လို့ နည်းပြဂွါဒီယိုလာရဲ့ မှတ်ချက်ပြုမှုကို dailymail ကဖော်ပြလာခဲ့တာပါ။

လူငယ်ကစားသမားဖိုဒန်ဟာ နည်းပြဂွါဒီယိုလာစိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်တဲ့အပြင် နောက်ပိုင်းပွဲစဉ်တွေ မှာလည်း ပွဲထွက်ကစားခွင့်ရရှိနေသူဖြစ်ပြီး မန်စီးတီးအသင်းရဲ့ အနာဂတ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံ ထားရသူလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စု(ဂ)တွင် ကျရောက်နေတဲ့မန်စီးတီးအသင်းအနေနဲ့ ပွဲစဉ် ၃တွင်အတ္တလန္တာအသင်းကိုအနိုင်ရရှိ ခဲ့တဲ့အတွက် အုပ်စုပထမအကျော့ပွဲစဉ်တွေအပြီး ရာနှုန်းပြည့်နိုင်ပွဲရလဒ်နဲ့အတူ ၁၆သင်းရှုံးထွက်အဆင့်အတွ က် လက်ကျန် ၃ပွဲမှာ ရမှတ် ၄မှတ်သာလိုအပ်တော့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က