မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေထဲမှာ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီ၊ နယူးကာဆယ်နဲ့ အေစီမီလန်တို့က ပရိသတ်တွေ စိတ်ဝင်စားခံခဲ့ရတဲ့ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။ သူတို့ အုပ်စုဟာ အုပ်စုမဲခွဲပြီးကတည်းက မရဏအုပ်စုအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
တကယ်တမ်း ပွဲကစားချိန်မှာလည်း ဒီအသင်းတွေအကြား အကြိတ်အနယ်ရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရေးအတွက် လေးသင်းစလုံးက နောက်ဆုံးပွဲအထိ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။ အုပ်စုနောက်ဆုံးပွဲတွေ ကစားပြီးချိန်မှာတော့ ဒေါ့မွန်က အုပ်စု ပထမ၊ ပီအက်စ်ဂျီက အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ခဲ့ကြပါတယ်။
အေစီမီလန်ကတော့ ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိခဲ့ပြီး နယူးကာဆယ်ကတော့ အုပ်စုနောက်ဆုံးနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ နယူးကာဆယ်နဲ့ ဒေါ့မွန်တို့က နောက်တစ်ဆင့် တက်ဖို့ အခြေအနေကောင်းခဲ့တာပါ။
ဒါပေမယ့်လည်း ပီအက်စ်ဂျီရဲ့ ချေပဂိုး၊ အေစီမီလန်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် အခုလိုပဲ ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်သွားခဲ့တာပါ။ ဒေါ့မွန်ဟာ နယူးကာဆယ်ကို နှစ်ကျော့စလုံး မရှုံးအောင် ကစားပြနိုင်ခဲ့သလို ပီအက်စ်ဂျီကလည်း အရှိန်တင်ရမယ့်အချိန်တွေမှာ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း နယူးကာဆယ်တို့ ပီအက်စ်ဂျီကို အုပ်စုတွင်းမှာ လေးဂိုးအထိ သွင်းပြီး နိုင်ခဲ့သည့်တိုင် အခုလိုမျိုးပဲ အုပ်စုနောက်ဆုံးနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကိုတောင် မရရှိခဲ့တာပါ။ ပီအက်စ်ဂျီကတော့ နောက်တစ်ဆင့်မှာ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဆိုစီဒက်တို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာပါ။