• Featured

    မြန်မာနိုင်ငံကိုရွှေ့ပြောင်းဖို့နဲ့ မိဘတွေနဲ့ဆုံတွေ့ခွင့်ရဖို့ ဝင်းနဲ့ဇော် အကူအညီတောင်းခံ

ထိုင်းနိုင်ငံမှာ ပုံမှန်ပေးနေတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လည်း သူတို့နှစ်ယောက်မရခဲ့ဘူးလို့ သိရပါတယ်။

ထိုင်းမှာ လိပ်ကျွန်းလူသတ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ ဝင်းနဲ့ဇော်က မြန်မာနိုင်ငံကိုရွှေ့ပြောင်းဖို့နဲ့ မိဘတွေနဲ့ဆုံတွေ့ခွင့်ရရန် ကူညီပေးဖို့ အကူညီတောင်းခံထားတယ် လို့ ထိုင်းရောက်မြန်မာအရေးလုပ်ဆောင်ပေးနေတဲ့ ဦးထူးချစ် က ပြောပါတယ်။

"ဝင်းနဲ့ဇော် ပို့ထားတဲ့ စာတစ်စောင် ကိုလက်ခံရရှိထားတယ်။ သူတို့လိုအပ်တာတွေနဲ့ဖြစ်ချင်တာလေးတွေရေးထားတယ်။ ထိုင်းနိုင်ငံမှာ ပုံမှန်ပေးနေတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လည်း သူတို့နှစ်ယောက်မရခဲ့ဘူး " လို့လည်း ဦးထူးချစ်က ပြောပါတယ်။

အခု ဝင်းနဲ့ဇော်ကို ထောင်ဝင်စာပုံမှန်တွေ့နိုင်ဖို့ ကြိုးစားနေသလို သူတို့နှစ်ယောက်ကို စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့ စိတ်ဝင်စားတဲ့ မည်သူမဆိုပူးပေါင်းပါဝင်ပေးကြဖို့ ဦးထူးချစ်က ဖိတ်ခေါ်ထားပါတယ်။

 ဝင်းနဲ့ဇော် ပေးပို့ထားတဲ့စာထဲမှာ 'ထိုင်းက လွတ်ငြိမ်းချမ်းသား သုံးခါပေးပေ့မယ် သူတို့မပါဝင်သလို ထောင်ထဲမှာလည်း အမှားလုပ်ထားတာမရှိဘူး'လို့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံက အဖွဲ့အစည်းတွေ ကူညီပေးဖို့နဲ့ အမြန်မာနိုင်ငံကိုရွှေ့ပြောင်း ဖို့နဲ့ မြန်မာနိုင်ငံကအကြီးကဲတွေနဲ့လက်မှတ်ထိုးပြီးတော့ ထိုင်းဘုရင် ထံ အသနားခံစာတင်ပြပေးဖို့ အကူညီတောင်းထားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာမဟုတ်သလို မိဘတွေနဲ့လည်း ဆုံဆည်းခွင့်မရရှိတော့မယ် အခြေအနေမျိုးဖြစ်တယ် လို့လည်း ဝင်းနဲ့ဇော်ရဲ့ စာမှာ ဖော်ပြထားပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း (ဝင်းနဲ့ဇော်)ဟာ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်း မှာ ကမ္ဘာလှည့်ခရီးသွား ဗြိတိန် လူငယ်စုံတွဲ နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး၂၀၁၅ မှာ သေဒဏ်ချမှတ်ခံခဲ့ရခဲ့ပါတယ်။ 

၂၀၂၀ ဒီဇင်ဘာ ၅ ရက်နေ့ မှာတော့ ထိုင်းနိုင်ငံဘုရင် ကိုးယောက်မြောက် ဘူမိဘော မွေးနေ့အထိမ်းမှတ်ဖြစ်နဲ့ သေဒဏ် ကနေ တစ်သက်တစ်ကျွန်းအဖြစ် ပြစ်ဒဏ်လျော့ချပေးခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က