Chungbuk ပြည်နယ်ရဲ့ ပြည်နယ်မှုး Yŏng-hwan Kim မှ ဦးဆောင်၍ Chungbuk Institute For Talent & Lifelong Education နဲ့ Chungbuk RISE Center တို့မှ K- yu hak san Program အနေနဲ့ ပညာရေးအလုပ်အကိုင်အပါအဝင် အခြေချတဲ့အထိ Chungbuk ပြည်နယ်ရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိစေနိုင်တဲ့ 2024 Chungbuk Global Talent Fair နိုင်ငံအရပ်ရပ်မှာ လှည့်လည်ကျင်းပနေလျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွက် 2024 Chungbuk Global Talent Fair ကိုတော့ HAYANG Education Myanmar မှ ဦးစီးပြီး ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ Wyndham Grand Hotel ရဲ့ Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Credit - www.cctoday.co.kr
ဒီပွဲမှာတော့ Chungbuk ပြည်နယ် အတွင်းက တက္ကသိုလ်တွေမှာ တက်ရောက်နိုင်တဲ့ မေဂျာတွေ ၊ ရရှိနိုင်မယ့် စကောလားရှစ်အစီအစဉ်တွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအကြောင်းတွေကို အသေးစိတ် ရှင်းလင်းပြောပြခဲ့ပါတယ်။
ဒီ Program System ကို အကောင်အထည်ဖော်ဖို့အတွက် Chungbuk ပြည်နယ်တွင်းက University တွေနဲ့အတူ International Student တွေ တက်ရောက်နိုင်စေဖို့ ရည်ရွယ်ပြီး Chungbuk Global Talent Fair ကိုလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံခြားကျောင်းသားကျောင်းသူတွေအတွက် အခက်အခဲမရှိအောင် စီစဉ်ထား
ကျောင်းလျှောက်ရာမှာ ဘာအခက်အခဲမှ မရှိဘဲ အလွယ်တကူ ကျောင်းလျှောက်ပြီး တက်ရောက်ပညာသင်ကြားခွင့် ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံခြားသား ကျောင်းသားကျောင်းသူတွေ တိုးများလာဖို့လည်း မျှော်လင့်ထားကြပြီး ကျောင်းတက်တဲ့အခါမှာ အခက်အခဲတွေမရှိရလေအောင် ကူညီဆောင်ရွက်ပေးတဲ့ အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေရှာပေးခြင်းဖြင့်လည်း ပညာရေးကို အာရုံစိုက်နိုင်အောင်ကူညီပေးမယ့် One Stop Service အဖြစ်လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ တက္ကသိုလ်မှာ တက်ရောက်သင်ကြားကြမယ့် နိုင်ငံခြားကျောင်းသားကျောင်းသူတွေကိုလည်း Chungbuk ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုတိုးတက်မှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်လာမယ့် Professional တွေအဖြစ် မွေးထုတ်ပေးနိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ကျောင်းတက်ပြီးနောက် ရရှိနိုင်မယ့် အခွင့်အရေးတွေ
Chungbuk ပြည်နယ်က တက္ကသိုလ်တွေမှာ တက်ရောက်ပြီးသူတွေအနေနဲ့ကတော့ ကိုယ်တတ်ရောက်တဲ့ ဘာသာရပ်ရဲ့ အတတ်ပညာတွေကို သင်ယူနိုင်မယ့်အပြင် ကိုရီးယားရဲ့ ယဉ်ကျေးမှုတွေကို နားလည်သဘောပေါက်ပြီးတော့ အလုပ်အကိုင်ဝင်ရောက်တဲ့အခါမှာလည်း အခက်အခဲမရှိဘဲ အလုပ်လုပ်ကိုင်နိုင်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
ကျောင်းတက်နေစဉ်အတွင်းမှာလည်း လုံခြုံစိတ်ချရတဲ့ အချိန်ပိုင်းအလုပ်အကိုင်တွေကို တွဲပြီးလုပ်လို့ရအောင် စီစဉ်လုပ်ဆောင်နေပါတယ်။
စီးပွားရေးအချက်အချာကျတဲ့ Chungbuk ပြည်နယ်
Chungbukပြည်နယ်ဆိုတာ နိုင်ငံတွင်း ဘယ်နေရာကိုမဆို (၂)နာရီအတွင်းသွားတဲ့ နိုင်ငံရဲ့ အချက်အချာ Center မှာတည်ရှိပါတယ်။ စီးပွားရေးအရလည်း ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်မှု စာရင်းဇယားတွေမှာ တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးဖြစ်တဲ့ စီးပွားရေးအချက်အချာဒေသဖြစ်ပါတယ်။ သမိုင်းကြောင်း အစဉ်အလာရ Cheongjuမြို့နယ်မှ အစပြုပြီး Chungbuk ပြည်နယ်ဟာဆိုရင် တစ်နိုင်ငံလုံးအနေအထားနဲ့ စံနှုန်းမြင့်တဲ့ ပညာရေးဟာ ယခင်ကတည်းက တည်ရှိခဲ့တာဖြစ်သလို ပညာရေးမှာလည်း အချက်အချာစင်တာဖြစ်တဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။
ဘယ်လိုဘာသာရပ်တွေ သင်ကြားနိုင်မလဲ
ပြည်နယ်တွင်းက တက္ကသိုလ်တွေမှာ K Culture , Bio, Second Battery, Semiconductor, IT, Automobile စတဲ့ ဘာသာရပ်မျိုးစုံကိုလည်း သင်ကြားနိုင်ပါတယ်။
နိုင်ငံခြားသားသီးသန့်မေဂျာတွေလည်းရှိသလို International Student တွေအတွက် Scholar အများဆုံး (၁၀၀)ရာခိုင်နှုန်းအထိ ပေးအပ်နေတယ်လို့လည်း သိရပါတယ်။ Settlement Allowance အနေနဲ့ ကျောင်းသားတွေကို 2024 SEP INTAKE အတွက် ဝမ် (၁၀)သိန်းပေးအပ်ဖို့ စီစဉ်ထားပါတယ်။
Credit - www.bsnews.kr
“ပြည်နယ်ထဲမှာတော့ တစ်နိုင်ငံလုံးရဲ့ ထုတ်လုပ်ရေးလုပ်ငန်း ၅၀% ၊ Service ပိုင်းက ၄၀% ဖြစ်တာကြောင့် တက္ကသိုလ်တက်ရောက်ပြီး မေဂျာနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဗီဇာပြောင်းတဲ့အခါ D2 - E7, F2R ကိုပြောင်းတဲ့အခါပိုပြီး Benefit များတဲ့နေရာဖြစ်တယ်။ နိုင်ငံခြားသားကျောင်းသားတွေ အလုပ်ဝင်နိုင်ဖို့အတွက် Job Fair တွေ ၊ Start Up Supporting Program တွေ အလုပ်ရှာသူနဲ့ အလုပ်ခေါ်လိုသူတွေအတွက် Website တွေ လုပ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီလို Job Fair တွေကိုတော့ နှစ်စဉ် ၁၀လပိုင်းမှာလုပ်တယ်။ ပြည်နယ်တွင်းရှိတဲ့ လုပ်ငန်းတွေနဲ့ နိုင်ငံခြားသားကျောင်းသားတွေကို ချိတ်ဆက်ပေးတဲ့ အစီအစဉ်ကို အထူးလုပ်ဆောင်နေပါတယ်။ နိုင်ငံခြားသားတွေ VISA ပြောင်းတဲ့အခါ စာရွက်စာတမ်းစီစဉ်ရတာတွေနဲ့ ဘာသာစကားကို သိပ်မကျွမ်းကျင်တာတွေရှိတာကြောင့် ဘယ်လို VISAကိုပြောင်းလို့ရတယ် ဘယ်လိုအချက်အလက်တွေလိုအပ်တယ်ဆိုတာကို သေချာနားလည်သိရှိအောင် Consult လုပ်ပေးတယ်။ International Student တွေ Chungbuk က ဒုတိယမြောက် မွေးရပ်မြေဖြစ်လာအောင်လို့ အစွမ်းကုန်ကြိုးစားပါမယ်။” လို့ တာဝန်ရှိသူတစ်ဦးက Chungbuk Global Talent Fair မှာ ပြောကြားသွားခဲ့တာကိုလည်း တွေ့ရပါတယ်။
Chungcheongbuk-do ပြည်နယ်ကနေ လက်ရှိမှာတော့ နိုင်ငံခြားသားကျောင်းသား အယောက် (၁)သောင်းခေါ်ယူလျက်ရှိနေပါတယ်။ 2024 Chungbuk Global Talent Fair အတွင်း မိတ်ဆက်သွားတဲ့ ကျောင်းတွေကတော့ Gangdong University ၊ Konkuk University(Glocal Campus)၊ Chungbuk Provincial University ၊ Chungbuk Health & Science University နဲ့ Chungcheong University တွေလို့သိရပါတယ်။ အနာဂတ်မှာလည်း Chungbuk ပြည်နယ်တွင်းက အခြားတက္ကသိုလ်တွေကို မြန်မာကျောင်းသားတွေအနေနဲ့ ချိတ်ဆက်တက်ရောက်နိုင်ဖို့ Hayang Education Myanmar က ဆောင်ရွက်နေပါတယ်။
ကိုရီးယားမှာ ကျောင်းတက်ချင်သူတွေအတွက်လည်း Chungbuk Global Talent Fair မှာ တစ်ခါတည်း ကျောင်းတက်ဖို့အတွက် ဆွေးနွေးပေးတာ ၊ ကျောင်းက ရနိုင်မယ့် စကောလားရှစ်ပရိုဂရမ်၊ Study Program အလိုက်ပေးအပ်သွားမယ့် ထောက်ပံ့ကြေးတွေအပါအဝင် ဘွဲ့ရပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းနဲ့ အထူးနေထိုင်ခွင့် VISA အကြောင်းတွေကို ကိုပါ တစ်ခါတည်း ဆွေးနွေးပေးသွားကြတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ပွဲအတွင်း တက်ရောက်လာကြသူတွေအတွက် AirPods အပါအဝင် Gifts တွေ ပါတဲ့ Lucky Draw Program | Check In ဝင် လက်ဆောင်ရ Activity | ID Photo အခမဲ့ရိုက်ကူးပေးတဲ့ service | ကိုရီးယား Traditional Culture တစ်ခုဖြစ်တဲ့ Hanbok ဝတ်ဆင်ခြင်း အတွေ့အကြုံတွေကို (မြန်မာနိုင်ငံတွင်းက) ကျောင်းသူကျောင်းသား လူငယ်တွေအနေနဲ့ တွေ့ကြုံခံစားစေခဲ့ပါတယ်။
Share