အကြီးစားဘက်ထရီနဲ့ တန်ဖိုးသင့် Samsung ဖုန်းတွေပါ

တန်ဖိုးနည်း Galaxy M စီးရီးရဲ့မတူတဲ့ ကွန်ရက်စနစ်သုံး ဗားရှင်းနှစ်မျိုး အိန္ဒိယဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ 

အိန္ဒိယ‌ဈေးကွက်ထဲ ဝင်လာတဲ့ Galaxy M13 4G ဟာ ပြီးခဲ့တဲ့ မေလထဲမှာ ထွက်ခဲ့တဲ့ Galaxy M13 4G ကို ကျောဘက်ကင်မရာဒီဇိုင်း ပြန်ပြင်ထားတဲ့ မော်ဒယ်ဖြစ်ပြီး ဘက်ထရီပါဝါလည်း အကြီးစား 6000mAh သုံးလာပါတယ်။ ကျန်တဲ့ Specs အရ နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိတဲ့ Galaxy M13 4G နဲ့ အတူတူပဲ ဖြစ်ပြီး မျက်နှာပြင်ဆိုဒ် ၆.၆ လက်မ FHD+ LCD Display သုံးပါတယ်။ 




Processor ကို Exynos 850 Chipset သုံးထားပြီး ကျောဘက်မှာ 50MP Main Camera ၊ 5MP Ultrawide ကင်မရာ နဲ့ 2MP Depth Sensor ဆိုပြီး ထောင်လိုက်ကင်မရာသုံးလုံးတန်း တပ်ဆင်ထားပါတယ်။ Galaxy M13 ရဲ့ 4G နဲ့ 5G ဗားရှင်းနှစ်မျိုးလုံးဟာ waterdrop notch ဒီဇိုင်းနဲ့လာပြီး Android 12 အခြေခံ Samsung OneUI Core 4 စနစ် သုံးထားပါတယ်။ Galaxy M13 5G ဗားရှင်းကတော့ ကျောဘက်ကင်မရာနှစ်လုံးပဲ သုံးထားတာပါ။

Screen Size အနေနဲ့ 5G မော်ဒယ်ဟာ ၆.၅ လက်မ 90Hz LCD Display နဲ့လာပြီး 8MP Selfie ကင်မရာ ပါရှိပါတယ်။ ကျောဘက်ထောင်လိုက်ကင်မရာတန်းမှာ 50MP Main Sensor နဲ့ 2MP Depth Sensor နှစ်လုံး တပ်ဆင်ထားပါတယ်။ Galaxy M13 5G ဟာ Dimensity 700 Chipset သုံးထားပြီး RAM 4/6GB ၊ Storage 128GB အထိ ထွက်ထားပြီး microSD Card နဲ့လည်း Storage ထပ်မြှင့်နိုင်မှာပါ။ 

ဘက်ထရီပါဝါ 5000mAh ဆဲလ်ဟာ 15W Charging အားသွင်းစနစ် အထောက်အပံ့ပေးထားပြီး 4G ရော 5G ဗားရှင်းပါ Midnight Blue ၊ Stardust Brown နဲ့ Aqua Green ကာလာ ၃ ရောင်နဲ့ လာပါတယ်။ Galaxy M13 4G (4/64GB) မော်ဒယ်ကို ရူပီး ၁၂၀၀၀ (မြန်မာငွေ ၂ သိန်း ၈ သောင်းကျော်) နဲ့ 5G ဗားရှင်း 4/64GB မော်ဒယ်ကို ရူပီး ၁၄၀၀၀ (မြန်မာငွေ ၃ သိန်း ၂ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က