Honor ရဲ့ Gaming ဖုန်းလို့ ခေါ်နိုင်မယ့် စမတ်ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။
Honor X40 GT ဟာ ဂိမ်မာတွေအကြိုက် ဒီဇိုင်း ၊ အပူထိန်းနည်းပညာ နဲ့ မြန်ဆန်တဲ့ Display နည်းပညာ အသုံးပြုထားပါတယ်။ Honor X40 GT ဟာ အကြီးစား ၆.၈၁ လက်မ FHD+ IPS LCD Display နဲ့ လာပြီး 144Hz Refresh Rate နဲ့ 480Hz Touch Sampling Rate သုံးထားပါတယ်။ ဖုန်းမျက်နှာပြင်အပူချိန်ကို ၁ ဒီဂရီ ဆဲလ်စီးယပ်အထိ အေးသွားအောင် လုပ်ပေးနိုင်မယ့် အလွှာ ၈ လွှာပါ Graphite Cooling Pad တစ်ခု ထည့်သွင်းထားပါတယ်။
Photo : GSMArena
Processor အနေနဲ့ နည်းနည်း ဒိတ်အောက်သွားပြီလို့ ပြောနိုင်တဲ့ Snapdragon 888 Platform နဲ့လာပြီး RAM 8/12GB နဲ့ 256GB Storage တို့ ပါရှိပါတယ်။ Virtual RAM ကို 7GB အထိ Support ပေးထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် ဘေးဘောင်လက်ဗွေဖတ်စနစ်ကို ဖုန်းပါဝါခလုတ်ထဲ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာအိမ်တစ်ခု ပါရှိပြီး ကင်မရာအိမ်အတွင်းမှာ Sensor သုံးခု နဲ့ LED Flash တစ်ခုကို X ပုံစံဖွဲ့စည်းပေးထားပါတယ်။ ကင်မရာစနစ်အနေနဲ့ 50MP Main Sensor ၊ 2MP Depth Sensor နဲ့ 2MP Macro Lens တို့ သုံးထားပြီး ရှေ့ဘက်မှာ 16MP Selfie ကင်မရာ နဲ့ လာပါတယ်။
Honor X40 GT ဟာ 66W Fast Charging ပါဝင်တဲ့ 4800mAh ဘက်ထရီကို သုံးထားပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ MagicUi 6.1 စနစ် ပါရှိပါတယ်။ Honor X40 GT မှာ 5G ကွန်ရက်စနစ် ၊ WiFi ၊ Bluetooth ၊ USB-C Port နဲ့ 3.5mm Headphone Jack ဆက်သွယ်ရေးစနစ်တို့လည်း ပါဝင်မှာပါ။ အရောင်ကိုတော့ Racing Black ၊ Midnight Night Black နဲ့ Titanium Empty Silver ကာလာတွေနဲ့ ထွက်ထားပါတယ်။
Honor X40 GT ကို အခြေခံမော်ဒယ် 8/256GB ဗားရှင်းဈေး ယွမ် ၂၁၀၀ (မြန်မာငွေ ၆ သိန်းကျော်) နဲ့ 12/256GB ဗားရှင်းဈေး ယွမ် ၂၄၀၀ (မြန်မာငွေ ၇ သိန်းဝန်းကျင်) သတ်မှတ်ထားပါတယ်။