feature စုံပြီး တန်ဖိုးနည်းတဲ့ အိန္ဒိယပြည်တွင်းဖြစ် စမတ်နာရီသစ်နှစ်မျိုး ကြေညာလိုက်ပါတယ်။
အိန္ဒိယစမတ်နာရီအမှတ်တံဆိပ် Noise ကနေ Noise Evolve 2 Play နဲ့ ColorFit Ultra 2 LE ဆိုပြီး စမတ်နာရီနှစ်မျိုးကို ဈေးကွက်ထဲ ဖြန့်ချိလိုက်တာပါ။ Evolve 2 Play ဟာ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ Evolve 2 ရဲ့ အဆက်ဖြစ်ပြီး လက်ရှိထွက်လာတဲ့ စမတ်နာရီနှစ်မျိုးထဲမှာ ပိုပြီး ပရီမီယံကျတဲ့ ဗားရှင်းလို့ ဆိုရမှာပါ။ Noise Evolve 2 Play ဟာ နာရီအိုး အဝိုင်းနဲ့လာပြီး ColorFit Ultra 2 LE ကတော့ စတုရန်းပုံ လေးထောင့်ဒီဇိုင်း သုံးထားပါတယ်။

အချက်အလက်တွေအရ ဒီမော်ဒဘ်ယ်နှစ်မျိုးဟာ အတော်လေးတူပါတယ်။ Noise Evolve 2 Play ဟာ နာရီအိုးအဝိုင်းကိုမှ ညာဘေးဘောင်မှာ ခလုတ်နှစ်ခု တပ်ဆင်ထားပါတယ်။ နာရီလက်ပတ်ကြိုးက sporty straps ပုံစံဖြစ်ပြီး ထုတ်ကုန်ကို ရေအနက် ၃ မီတာ (၁၀ ပေနီးပါး) ရေစိမ်ခံအောင် ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။ Noise Evolve 2 Play မှာ ၁.၂ လက်မဆိုဒ် AMOLED Display တပ်ဆင်ထားပြီး Always-On Display လုပ်ဆောင်ချက် နဲ့ 390 x 390px ရုပ်ထွက် ပါရှိပါတယ်။
ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုစနစ်အနေနဲ့ နှလုံးခုန်တိုင်းစနစ်တစ်ခု ၊ သွေးတွင်းအောက်ဆီဂျင် Level ကို ကြည့်နိုင်မယ့် SpO2 Sensor ၊ အိပ်စက်ချိန်ပြ Sleep Tracker ၊ စိတ်ဖိစီးမှု စောင့်ကြည့် Stress Monitor နဲ့ အသက်ရှုလေ့ကျင့်ခန်းတွေ ထည့်ပေးထားပါတယ်။ အားကစားဆိုင်ရာ လှုပ်ရှားမှုကို အမျိုး ၁၀၀ ကျော် ခြေရာခံနိုင်စွမ်းလည်း ရှိပြီး ဟင်ဒီဘာသာစကား အထောက်အပံ့ပေးထားသလို အမြန် Reply ပြန်စနစ် ၊ သီချင်းနဲ့ကင်မရာ ထိန်းချုပ်မှု ၊ Night Mode ၊ social media notis စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာပါ။
Noise Evolve 2 Play မှာ 300mAh ဘက်ထရီပါရှိပြီး ၁၀ ရက်အထိ အားခံမယ်လို့ ပြောပါတယ်။ ဈေးပိုသက်သာတဲ့ Noise ColorFit Ultra 2 LE မှာတော့ ၁.၇၈ လက်မ AMOLED Screen ၊ AOD စနစ်နဲ့ Watch Faces ဒီဇိုင်း ၁၀၀ ကျော် ထည့်ပေးထားပါတယ်။ ဒီစမတ်နာရီကလည်း IP68 Rating ရေစိုခံစနစ် ပါရှိပါတယ်။ အာရုံခံ Sensor ပိုင်းမှာလည်း Evolve 2 Play လိုမျိုး ကျန်းမာရေးခြေရာခံစနစ်တွေ တပ်ဆင်ပေးထားပါတယ်။
Sport Mode အနေနဲ့ တော့ အမျိုး ၃၀ ပဲ အထောက်အပံ့ပေးထားတာပါ။ ဘက်ထရီပါဝါဆိုဒ်ပိုင်းအရလည်း Evolve 2 Play ထက် သေးတဲ့ 230mAh ဘက်ထရီ သုံးထားပြီး ၇ ရက် အားခံမယ်လို့ ကြေညာထားပါတယ်။ ColorFit Ultra 2 LE နဲ့ Noise Evolve 2 Play တို့ကို မီးခိုးရောင် ၊ အပြာ နဲ့ အနက်ရောင် ၃ ရောင်မျိုးနဲ့ ထွက်ထားပြီး ရူပီး ၃၀၀၀ (မြန်မာငွေ ၇ သောင်း ၂ ထောင်ကျော်) နဲ့ Evolve 2 Play ကို ရူပီး ၃၃၀၀ (မြန်မာငွေ ၇ သောင်း ၆ ထောင်ကျော်) ဈေးတွေနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။