ကျန်းမာရေးနဲ့ညီညွတ်အောင်ချက်ပြုတ်ထားတဲ့ မုန့်ဟင်းခါးကိုစားသုံးချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ မုန့်ဟင်းခါးဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

စုဇာဇာစတိုင်မုန့်ဟင်းခါးဆိုတာက မြေပဲအရသာစိမ့်စိမ့်လေးနဲ့ အရသာပေါ့ပေါ့ချိုချိုလေးချက်ထားတဲ့ စုဇာဇာစတိုင်မုန့်ဟင်းခါးပါလို့ဆိုလာသူက တော့ စုဇာဇာမုန့်ဟင်းခါးဆိုင်ရဲ့ပဲ့ကိုင်ရှင် မြန်မာ့စောင်းပညာရှင်ဒေါက်တာစုဇာဇာဖြစ်ပါတယ်။ ဟင်းချိုမုန့်တွေ မသုံးဘဲငါးနဲ့ကြက်သွန်နီရဲ့သဘာဝအချိုအရသာနဲ့ချက်ပြုတ်ထားတဲ့မုန့်ဟင်းခါးကတော့ ဒေါက်တာစုဇာဇာတို့ မိသားစုချက်စားလေ့ရှိတဲ့မိသားစုလက်ရာမုန့်ဟင်းခါးပါ။ကျန်းမာရေးနဲ့ညီညွတ်အောင်ချက်ပြုတ်ထားတဲ့ မုန့်ဟင်းခါးကို သန့်သန့်ရှင်းရှင်းရောင်းချချင်တဲ့စိတ်ကူးနဲ့ ဒီဆိုင်လေးကိုဖွင့်ဖြစ်တာပါလို့ သူကဆိုပါတယ်။





“အမကကိုယ်တိုင်ကမုန့်ဟင်းခါးကြိုက်တဲ့သူဆိုတော့ အိမ်မှာအမြဲမုန့်ဟင်းခါးချက်စားဖြစ်တယ်။ အမတို့မိသားစု ချက်စားလေ့ရှိတဲ့ပုံစံလေးက ဟင်းချိုမှုန့်တွေမသုံးဘူး သဘာဝအချိုအရသာနဲ့စားကောင်းအောင်ချက်တယ်။ အမတို့ဘိုးဘွားတွေကနေစပြီး အမတို့သားသမီးတွေအထိ ဒီလက်ရာပဲစားကြတာ။ စားဖူးတဲ့မိတ်ဆွေတွေက လည်း လက်ရာကိုကြိုက်ကြတော့ဆိုင်ဖွင့်ဖို့အကြံပေးကြတယ်။ကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာရောင်းချင်တော့ Vintage 36မှာမနက်ပိုင်းကို မုန့်ဟင်းခါးရောင်းဖြစ်တာပါ” လို့ ဒေါက်တာစုဇာဇာကပြောပါတယ်။



ေဝဖန်မှုတွေရှိပေမယ့်လည်း ရောင်းကောင်းနေမြဲ


ဆိုင်ဖွင့်စက စီးပွားဖြစ်မရည်ရွယ်ပဲ သဘာဝအရသာတိုင်းချက်ထားတဲ့မုန့်ဟင်းခါးကို အကြိုက်တူသူတွေ စားသုံးမယ့်ဆိုင်လေးအဖြစ်သာရည်ရွယ်ခဲ့တယ်လို့ သူကဆိုပါတယ်။ဒါပေမယ့်လည်း အကြိုက်တူစားသုံး သူတွေရဲ့အားပေးမှုကြောင့် မထင်မှတ်ထားအောင်ရောင်းကောင်းတဲ့မုန့်ဟင်းခါးဆိုင်လေးဖြစ်လာပါတယ်။ ဆိုင်သက်တမ်းတစ်လအတွင်းမှာ ေ၀ဖန်မှုတွေကြုံတွေ့ရပေမယ့်လည်း တစ်ရက်ကို မုန့်ဟင်းခါးအချိန်၁၀နီပါး ကုန်အောင်ရောင်းရတဲ့အထိ စားသုံးသူတွေရဲ့နှစ်သက်မှုကိုမြင်တွေ့ရပါတယ်။ 



“စရောင်းတုန်းက အခုလောက်ရောင်းရမယ်လို့မထင်ခဲ့ဘူး အမမုန့်ဟင်းခါးက ဟင်းချိုမုန့်တွေမသုံးတော့ စားလို့မတိုးကြမှာမစားတတ်ကြမှာစိတ်ပူခဲ့တယ်။တကယ်ရောင်းတဲ့အခါကြ အမတို့နိုင်ငံမှာ ဒီလိုသဘာဝ အရသာအတိုင်းချက်ပြုတ်ရောင်းချတာကို စားသုံးတဲ့သူတွေအခိုင်အမာရှိပါလားဆိုတာကိုသိလိုက်ရတာကတော့ အမအတွက်ပီတိပါပဲ။ဆိုင်အစမှာစားသုံးသူတွေမှာတဲ့အခါစောင့်ရတာကြာတဲ့ပြဿနာလေးတွေ၊ မုန့်ထည့်တာ လက်စမမှန်သေးတာလေးတွေအပေါ်ေဝဖန်မှုတွေရှိခဲ့တယ်။ပြုပြင်စရာလေးတွေပြုပြင်ရင်းနဲ့ တစ်လအတွင်းမှာပဲ ပုံမှန်ရောင်းအားလေးနဲ့ ဆိုင်ကရပ်တည်နေနိုင်ပါပြီ”လို့ ဒေါက်တာစုဇာဇာကပြောပါတယ်။


ဆိုင်ခွဲထပ်ဖွင့်ဖို့ပြင်ဆင်


သဘာဝအရသာကိုလက်ခံအားပေးတဲ့စားသုံးသူတွေကြောင့် အခုတာ့ နောက်ထပ်ဆိုင်ခွဲထပ်ဖွင့်ဖို့စီစဥ်နေ တယ်လို့ ဒေါက်တာစုဇာဇာကပြောပြပါတယ်။မိသားစု၀င်တွေရဲ့ပံ့ပိုးပေးမှုနားလည်ပေးမှုတွေကြောင့်လည်း အနုပညာအလုပ်ရော အခုလိုဆိုင်အလုပ်ကိုပါ အောင်မြင်အောင်လုပ်နိုင်တာပါလို့လည်းသူကဆိုပါတယ်။



“သင်္ကြန်ပြီးရင်တော့ မိုးကောင်းမှာဆိုင်ခွဲထပ်ဖွင့်ဖို့ အစီစဥ်ရှိပါတယ်။အနားနီးရင်ထပ်ပြီးအသိပေးပါ့မယ် အခုလိုဆိုင်ခွဲထပ်ဖွင်နိုင်တာကလည်း မိသားစုရဲ့ပံ့ပိုးပေးမှုတွေကြောင့်ပါ။အဓိကကတော့ အမရဲ့အမအပျိုကြီးကို ကျေးဇူးတင်ရမှာပါ။အမအနုပညာအလုပ်နဲ့မအားလပ်တဲ့အခါ သူကပဲအမဖြစ်ချင်တာတွေကိုလုပ်ပေးတာပေါ့ ပြီးတော့ သမီးလေးနဲ့သားလေးကလည်း အမကိုအစစအရာရာနားလည်ပြီးခွန်အားပေးပါတယ်။”လို့ ဒေါက်တာစုဇာဇာကပြောပါတယ်။



ဆိုင်လိပ်စာလေးနဲ့စျေးနှုန်း


စုဇာဇာမုန့်ဟင်းခါးဆိုင်လေးမှာတော့ ဟင်းချိုမှုန့်တွေမသုံးပဲ သဘာဝအတိုင်းချက်ပြုတ်ထားတဲ့ မုန့်ဟင်းခါး၊ အုန်းနို့သီးသန့်နဲ့သဘာဝအရသာအတိုင်းချက်ပြုတ်ထားတဲ့ အုန့်နို့ခေါက်ဆွဲတို့ရရှိနိုင်ပြီး စျေးနှုန်းတွေက မုန့်ဟင်းခါးတစ်ပွဲ ၂၅၀၀ကျပ်၊အုန်းနို့ခေါက်ဆွဲတစ်ပွဲ၃၀၀၀ကျပ်ဖြစ်ပါတယ်။ဆိုင်နေရာလေးက မြောက်ဒဂုံမြို့နယ် ဘေလီတံတားအဆင်းက ဦးဝိစာရလမ်းမပေါ်ရှိ Vintage 36မှာပါ။ဆိုင်ဖွင့်ချိန်မနက်၇နာရီခွဲ ဖြစ်ပါတယ်။ဟင်းချိုမှုန့်မစားတဲ့သူတွေအတွက် ရွေးချယ်စရာမုန့်ဟင်းခါးဆိုင်ကောင်းလေးမို့ ညွန်းဆိုပေးလိုက် ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က