မိုးယံဇွန်က သူ့ရဲ့ အချစ်ရေးမှာ မလိုအပ်တဲ့အရာတွေမဖြစ်လာစေချင်တဲ့အတွက် ကောင်မလေးကို ထုတ်မပြသေးဘူးလို့ ဆိုပါတယ်။ လက်ထပ်ဖို့အတွက်ကလည်း လိုပါသေးတယ်တဲ့။
Photo: Moe Yan Zune
မိုးယံဇွန် နဲ့ ချစ်သူကောင်မလေးတို့ရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။ ဒါပေမယ့် မိုးယံဇွန်ကတော့ ချစ်သူကောင်မလေးနဲ့ လက်တွဲထားတဲ့ အချစ်ရေးအခြေအနေကို Duwun Media ကနေပြောပြလာပါတယ်။
‘’ ကျွန်တော့်ရဲ့ အချစ်ရေးကလည်း စိတ်ဝင်စားစရာကောင်းမယ့် ထဲမှာ မပါလောက်ဘူးလို့ထင်ပါတယ်။ ကျွန်တော့်ဘာသာကျွန်တော့် ကောင်မလေးနဲ့ အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ချစ်နေကြတာကောင်းတယ်။ ကျွန်တော် ဘယ်သူနဲ့ ကြိုက်နေပါတယ်၊ ဘယ်သူနဲ့ တွဲနေပါတယ်ဆိုတာကိုတော့ ပရိသတ်တွေ သိအောင် လုပ်ဖို့ အရေးပါတဲ့အရာမဟုတ်တဲ့အတွက် ပုံမှန်လေးပဲ နေဖြစ်တာပါ’’ လို့ သူကဆိုပါတယ်။
Photo: Moe Yan Zune
မိုးယံဇွန်က သူ့ရဲ့ ချစ်သူလေးနဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ မကြာခဏတင်လေ့ရှိပါတယ်။ ဒါပေမယ့် မျက်နှာကိုတော့ သေသေချာချာပြထားတာ မတွေ့ရပါဘူး ။
‘’အေးအေးဆေးဆေးပဲကောင်းပါတယ်။ Offical ချပြလိုက်လို့ရှိရင် မလိုအပ်တဲ့ Effect တွေ ဝင်လာမယ်၊ အဲဒီ Effect တွေကို ကျွန်တော်သိပ်ပြီးတော့ မခံစားချင်ဘူး။ ကျွန်တော့် ကောင်မလေးကိုလည်း မခံစားစေချင်လို့ ကျွန်တော်တို့ အေးအေးဆေးဆေးပဲ နေကြတာပါ’’ လို့ Cooki TV မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Moe Yan Zune
အဲဒီနောက် ချစ်သူသက်တမ်းကြာလာပြီ ဖြစ်တဲ့ မိုးယံဇွန် ဟာ အိမ်ထောင်ပြုဖို့ကတော့ အစ်ကိုတွေကို စောင့်နေတုန်းပါပဲတဲ့။
‘’ အိမ်ထောင်ပြုဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။ ကျွန်တော့်အရှေ့မှာ အစ်ကိုတွေရှိသေးတယ်။ ကိုထွန်းထွန်း တို့ ကိုဖိုးချစ်တို့တောင် အိမ်ထောင်မပြုသေးတာ ကျွန်တော်ကတော့ အဝေးကြီးလိုပါသေးတယ်။ ကျွန်တော့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မိဘတွေ ဘက်က လိုက်ပြီး ချုပ်ခြယ်တာမျိုးမရှိပါဘူး။ ကျွန်တော်က ကလေးမှ မဟုတ်တော့ပဲ လွတ်လပ်ခွင့်ပေးထားပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: Moe Yan Zune
မိုးယံဇွန်ရဲ့ ချစ်သူကောင်မလေးကိုတော့ ပရိသတ်တွေက အလှမယ် ဇွန်သံစဉ်ဖြစ်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ ဒီအပေါ်မှာလည်း မိုးယံဇွန်က ပြန်လည်ငြင်းဆိုထားတာလည်း မရှိသလို ဝန်ခံပြောပြလာတာမျိုးလည်း မရှိပါဘူး။ မိုးယံဇွန်ဟာ အဆိုတော်ခိုင်ဝါရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်ဘက်ကို ပိုအားသန်သူပါ။