• နံရံကို ထွင်းဖောက်မြင်နိုင်တဲ့ AI နည်းပညာပါ ခြေရာခံစနစ် အစ္စရေးကုမ္ပဏီတစ်ခု တီထွင်

Camero-Tech ဟာ အလားတူ ထုတ်ကုန်တွေ အမျိုးမျိုး ထုတ်လုပ်ထားပါတယ်

အစ္စရေးနည်းပညာကုမ္ပဏီတစ်ခုဟာ နံရံနောက်ကွယ်က လူနဲ့ အရာဝတ္ထုတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ နည်းပညာတစ်မျိုးကို တီထွင်ထားတယ်လို့ ဆိုပါတယ်။ 

AI အခြေပြု ခြေရာခံစနစ်သုံးပြီး နံရံအနောက်မှာ ရှိတဲ့ လူနဲ့ပစ္စည်းတွေကို မြင်နိုင်မယ့် နည်းပညာကို အစ္စရေးအခြေစိုက် ပုံရိပ်နည်းပညာကုမ္ပဏီ Camero-Tech က ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်သုံး ထုတ်ကုန်အဖြစ် နောက်ပိုင်းနှစ်တွေမှာ အသုံးပြုသွားမယ့် ဒီထုတ်ကုန်ကို Xaver 1000 လို့ နာမည်ပေးထားပါတယ်။ 



Camero-Tech ရဲ့ မျိုးဆက်သစ် ထုတ်ကုန်သစ်ဟာ စစ်တပ် ၊ ဥပဒေစိုးမိုးရေးမှာ တာဝန်ယူနေတဲ့ အေဂျင်စီ ၊ ထောက်လှမ်းရေးအဖွဲ့တွေ နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေအတွက် မရှိမဖြစ်စနစ်တစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။ Xaver 1000 ကို Camero-Tech ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Eurosatury 2022 ထုတ်ကုန်ပြပွဲမှာ ပထမဆုံးအကြိမ် မိတ်ဆက်ပြသခဲ့တာပါ။ 

ဒီထုတ်ကုန်ဟာ နံရံနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ လူနဲ့ အရာဝတ္ထုအကြောင်း လက်တွေ့သတင်းအချက်အလက်တွေ ပေးနိုင်တဲ့ ကုမ္ပဏီရဲ့ "နံရံဖောက်မြင်"ထုတ်ကုန်အုပ်စုထဲက တစ်ခု ဖြစ်လာမှာပါ။ Xaver 1000 မှာ AI နည်းပညာသုံး Live Target Tracking System နဲ့ ကုမ္ပဏီရဲ့ 3D 'See-Through-The-Wall' နည်းပညာတွေ ပါဝင်ပြီး နံရံအနောက် အခန်းတွင်းက လူဦးရေ ၊ စနစ်နဲ့ အခန်းတွင်းလူတွေအကြား အကွာအဝေး ၊ ပစ်မှတ်ရဲ့ အမြင့်နဲ့ ဦးတည်ရွေ့လျားမှု အပြင် အခန်းတွင်းယေဘုယျ အကွက်အကွင်းပုံစံတွေကို ဖော်ပြနိုင်ပါတယ်။ 

နံရံနောက်ဘက်မှာ ရှိတဲ့ လူက ရပ်နေသလား ၊ ထိုင်နေသလား ၊ အိပ်နေသလားဆိုတာကို စနစ်နဲ့ ချိတ်ဆက်ထားတဲ့ ၁၀.၁ လက်မ TouchScreen Display မှာ တိုက်ရိုက် Live ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Xaver 1000 ကို အသုံးပြုဖို့ သုံးစွဲသူ User တစ်ဦးပဲ လိုပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အသင့်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က