budget brand သစ်ပါ

Realme ရဲ့ တန်ဖိုးနည်း Narzo စမတ်ဖုန်းအမှတ်တံဆိပ်ကနေ ဒီနှစ်အတွက် ဒုတိယမြောက် ဖုန်းမော်ဒယ်သစ်ကို ထပ်မံကြေညာလိုက်ပါတယ်။

Realme ဟာ နှစ်ဆန်းပိုင်းက အိန္ဒိယမှာ Narzo 10 နဲ့ Narzo 10A ကို မိတ်ဆက်ခဲ့တာပါ။ ဒီတစ်ခေါက်မှာ Narzo 20 စီးရီးဖုန်းသစ်သုံးမျိုးဖြစ်တဲ့ Narzo 20 ၊ Narzo 20A နဲ့ Narzo 20 Pro တို့ကို ကြေညာခဲ့ ဖြစ်ပါတယ်။ Narzo 20A ဟာ ဒီ ၃ မျိုးမှာ တန်ဖိုးအနည်းဆုံးမော်ဒယ် ဖြစ်ပြီး ၆.၅ လက်မ HD+ screen ဖြစ်ပြီး waterdrop notch နဲ့ လာပါတယ်။



Photo: GSMArena

Realme Narzo 20A ဟာ Snapdragon 665 chipset သုံးထားပြီး ကျောဘက်မှာ ‌12MP main sensor ၊ 2MP B&W lens နဲ့ 2MP Retro lens ထောင်လိုက်သုံးလုံးတွဲကင်မရာတွေ ပါရှိပါတယ်။ ဘက်ထရီပါဝါ 5000mAh အကြီးစားနဲ့ လာပြီး reverse charging ပါ ပေးနိုင်မှာပါ။ Victory Blue နဲ့ Glory Silver နှစ်ရောင်နဲ့ လာပြီး 3/32 GB ဗားရှင်းကို ၈၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်းခွဲကျော်) နဲ့ 4/64 GB တို့ဟာ ၉၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Narzo 20 မှာလည်း ၆.၅ လက်မ waterdrop notch နဲ့လာပြီး 8MP selfie ကင်မရာ သုံးထားပါတယ်။ Helio G85 chipset နဲ့ လာပြီး RAM 4GB နဲ့အတူ 64GB နဲ့ 128GB storage ဗားရှင်းနှစ်မျိုးနဲ့ ထွက်ထားပါတယ်။ ကျောဘက်မှာ fingerprint scanner နဲ့အတူ စတုရန်းကွက်ပုံစံ သုံးလုံးတွဲကင်မရာ (48MP main sensor ၊ 8MP ultra-wide ၊ 2MP macro ) တို့ သုံးထားပါတယ်။

Realme Narzo 20 ဟာ USB C port ကနေ 18W charging သွင်းနိုင်မယ့် 6000mAh ဘက်ထရီနဲ့လာပြီး Narzo ဖုန်းတွေထဲမှာ ဘက်ထရီပါဝါအကြီးဆုံးဖုန်းလို့ ဆိုရမှာပါ။ Realme Narzo 20 လည်း Glory Silver နဲ့ Victory Blue ကာလာတွေနဲ့ ထွက်ထားပြီး 64GB မော်ဒယ်ကို ၁၀၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၉ သောင်းခန့်) နဲ့ 128GB မော်ဒယ်ကို ၁၁၄၉၉ ရူပီး (မြန်မာငွေ ၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Photo: wnreal

Realme Narzo 20 Pro ကတော့ ဖုန်းသုံးလုံးမှာ အမြင့်ဆုံးမော်ဒယ် ဖြစ်ပြီး 90Hz refresh rate ပါ ၆.၅ လက်မ FHD+ display နဲ့ လာပါတယ်။ ဒီဖုန်းဟာ punch-hole နဲ့လာပြီး Sony IMX471 sensor 16MP selfie ကင်မရာ သုံးထားပါတယ်။ ကျောဘက်မှာ ထောင်လိုက် ၄ လုံးတွဲ ကင်မရာတွေ ဖြစ်တဲ့ 48MP main sensor ၊ 8MP ultra-wide ၊ 2MP B&W နဲ့ 2MP macro lens တို့ သုံးထားပါတယ်။

fingerprint sensor ဟာ ဖုန်းဘေးဘောင် ပါဝါခလုတ်ထဲမှာ ထည့်ထားပြီး 2250mAh ဘက်ထရီဆဲလ်နှစ်ခု (4500mAh) သုံးထားပြီး White Knight နဲ့ Black Ninja ကာလာ ၂ ရောင်နဲ့ လာပါတယ်။ RAM 6GB/64GB storage ကို ၁၄၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခွဲကျော်) နဲ့ RAM 8GB/128GB storage ကို ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က