အဆိပ်သွေး ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးလေးပါ။

မုဏ်းကတော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’Toxic’’ ဇာတ်လမ်းတွဲဟာ Star Awards ရဲ့ ဆန်ခါတင် စာရင်း ဇာတ်ကားတွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပွဲကိုတော့ သူမ မတက်ရောက်နိုင်တော့ပါဘူးတဲ့။

Star Awards ဆု ဆန်ခါတင်စာရင်းဝင်ထားတဲ့ ‘’ Toxic’’ ရုပ်သံဇာတ်လမ်းတွဲထဲက မင်းသမီးချောလေး မုဏ်းဟာ  ဆုပေးပွဲကို မတက်ရောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။



‘’ရုပ်သံဇာတ်လမ်းတွဲ ဆန်ခါတင် ၆ ကားစာရင်းမှာToxic အဆိပ်သွေးဇာတ်လမ်းတွဲဖြင့် စကာတင်ပါဝင်ပေမယ့်အခြေအနေ အကြောင်းကြောင်းကြောင့် Star Awards ပွဲကို မတက်ရောက်ဖြစ်ပါရှင့်’’ ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲမှာတော့ မုဏ်းဟာ သုတေသနာပညာကို လေ့လာနေတဲ့ မိန်းကလေးတစ်ယောက်ကာရိုက်တာနဲ့ ပါဝင်ခဲ့တာပါ။ ‘’Toxic’’ ရုပ်သံဇာတ်လမ်းတွဲမှာ မို့မို့မြင့်အောင်၊ မင်းဦး၊ ကျော်ဆု၊ သီဟ၊ မြနှင်းရည်လွင်နဲ့ မုဏ်း တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို CANAL + ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တာပါ။


မုဏ်းကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ် စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမက MRTV-4 နဲ့ လက်တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရသူ တစ်ဦးဖြစ်ပါတယ်။ စီနီယာအနုပညာရှင်တွေနဲ့ အတူတွဲသရုပ်ဆောင်ရတဲ့အခါမှာလည်း အနုပညာအရည်အချင်းတွေကို လေ့လာဆည်းပူးဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများအနေနဲ့ ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) ရရှိသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က