• “နောက်ပွဲတွေကျရင်လည်း ဆွန်ဟောင်မင်က အရန်ခုံထိုင်ရင်ထိုင်ရဦးမှာ” - ကွန်တီ

လက်စတာနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

လက်စတာနဲ့ပွဲမှာ (၁၃) မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်တယောက် လာမယ့်ပွဲတွေမှာလည်း အရန်ခုံထိုင်ရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စပါးနည်းပြ ကွန်တီက နောက်ပြောင်ပြောကြားခဲ့ပါတယ်။ စပါးတို့ အိမ်ကွင်းမှ်းမးတို့ အိမ်ကောကြားခ်တယ်လို့ စပါးနည်းပြ ကာ လက်စတာကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆွန်ဟောင်မင်က ပွဲထွက်ခွင့်မရဘဲ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာပါ။

image

ဒါပေမယ့် ဒုတိယပိုင်း (၅၉) မိနစ်မှာတော့ ဆွန်ဟောင်မင်က လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီတောင်ကိုရီးယားကြယ်ပွင့်က စပါးအတွက် ဟက်ထရစ်သွင်းယူပေးခဲ့ကာ ပွဲအပြီးမှာ စပါးကလည်း အိမ်ကွင်းမှာ ခြေပြတ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီပွဲမတိုင်ခင်က လက်ရှိရာသီအတွက် တဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

image

ခြေစွမ်းပြဖို့လည်း ရုန်းကန်နေရတာကြောင့် စပါးနည်းပြ ကွန်တီက ဆွန်ဟောင်မင်ကို အရန်ခုံမှာထားခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်ကတော့ လူစားဝင်လာချိန်မှာ အခုလိုပဲ သူ့ရဲ့ ဒီရာသီ ပထမဆုံးသွင်းဂိုးတွေကို ဟက်ထရစ်အဖြစ် သွင်းယူပြခဲ့တာပါ။ ပွဲအပြီးမှာတော့ ကွန်တီက “ဆွန်ဟောင်မင်အတွက် ကျနော် တကယ်ကို ပျော်ရွှင်မိပါတယ်။ ကစားသမားနဲ့ပတ်သက်လို့ ကျနော် ဘာတွေးနေလဲ ခင်ဗျား သိမှာပါ”

“သူ့အနေနဲ့ မိနစ် (၃၀) အတွင်း သုံးဂိုးသွင်းနိုင်တယ်ဆိုရင်တော့ လာမယ့်ပွဲတွေမှာလည်း ဒါမျိုး အရန်ခုံထိုင်ရကောင်း ထိုင်ရမယ်လို့ ကျနော် ပြောလိုက်ပါသေးတယ်။ ပွဲတွေအများကြီး ဆက်တိုက်ကစားရချိန်မှာ ဒါကို နားလည်ဖို့ အရေးကြီးတယ်ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ မပင်ပန်းရင်တောင် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းမှာပါ။ ပွဲတိုင်းကို ပါဝင်ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

“ကျနော်လည်း ကစားသမားဘဝက လာတာဆိုတော့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ပွဲအားလုံး ကစားချင်တာကို သိပါတယ်။ ဒါပေမယ့် အလှည့်ကျစနစ်ကိုလည်း သူတို့ စတင်နားလည်လာပါပြီ။ ဆွန်ဟောင်မင်လို ကစားသမားမျိုး အရန်ခုံမှာရှိနေတာက အခိုက်အတန့်တခုမှာ ပွဲကို အပြောင်းအလဲလုပ်နိုင်တဲ့သဘောမျိုးဖြစ်ပါတယ်။ ဘစ်ဆိုမာ ကွင်းထဲဝင်လာချိန်မှာလည်း ကျနော်တို့အတွက် ခွန်အားနဲ့ သန်မာမှုတွေ အများကြီးရခဲ့ပါတယ်။ ဒါက ကျနော်တို့အတွက် မှန်ကန်တဲ့လမ်းကြောင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က