လာမယ့်တနင်္လာနေ့ညမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာပါ။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ လာမယ့်လ ကရာဘောင်ဖလားစတုတ္ထအဆင့်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်မီ ယူနိုက်တက်ကို လျှော့မတွက်ထားဖို့ ကစားသမားတွေကို သတိပေးပြောကြားခဲ့တယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်က ရော့ချ်ဒေးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ချယ်ဆီးအသင်းက ဂရင်စ်ဘီအသင်းကို ၇-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ ကရာဘောင်ဖလား စတုတ္ထအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းရရှိအောင် ရုန်းကန်နေရပေမယ့်လည်း ချယ်ဆီးနည်းပြလမ်းပတ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းရဲ့အသင်းကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်နေဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဂရင်မ်ဘီအသင်းကို အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ကရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အပြီးမှာ နည်းပြလမ်းပတ်က သတင်းထောက်တွေကို အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကြီးမားတဲ့ မဲနှိုက်မှုပါပဲ။ အသင်းကြီးနှစ်သင်းတွေ့ဆုံနေတာဖြစ်ပြီး ကျွန်တော်တို့ အိမ်ကွင်းဖြစ်နေတဲ့အတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ တွေ့ရမှာပါ”



“အချိန်တိုအတွင်း ဘောလုံးမှာ ဘာမဆို အများကြီးဖြစ်ပျက်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ဆင့်က မနက်ဖြန်ဆို ချက်ချင်းရောက်လာမှာမဟုတ်ပါဘူး။ သူတို့မှာ ကစားသမားကောင်းတွေရှိနေတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ လေးစားရမှာပါ”

“ကျွန်တော်တို့ကို သူတို့ ၄-၀ နဲ့ အနိုင်ယူခဲ့တယ်။ အဲဒီတော့ ကျွန်တော် ဒီမှာရပ်ပြီး ယူနိုက်တက်ကို လျှော့တွက်တဲ့စကားတွေ ပြောနေမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်”

“ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အလှတရားက အဲဒီပွဲစဉ်ကို ပိုပြီး လွယ်ကူသယောင်ဖြစ်အောင် ပြုလုပ်ပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က