ပထမအကျော့စပါးကွင်းမှာ ၃-၁ ဂိုးနဲ့ စပါးက နိုင်ထားတာပါ။

ချဲလ်ဆီးအိမ်ကွင်း နောက်ဆုံး ၃၂ ပွဲ တွေ့ဆုံထားရာမှာတော့ စပါးက တစ်ပွဲသာ နိုင်ထားတာကိုတွေ့ရပေမယ့် အဲ့ဒီနိုင်ပွဲက မနှစ်က ဖြစ်ပြီး မနှစ်က နှစ်ကျော့စလုံး အနိုုင်ယူထားတာပါ။

ဒီည သန်းခေါင်ယံချိန် ၂ နာရီခွဲမှာ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲအဖြစ် ချဲလ်ဆီးနဲ့ စပါးအသင်းတို့ ကစားကြမှာ ဖြစ်ပြီး နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လို့ ပွဲကြီးပွဲကောင်းဖြစ်မှာ အသေအချာပါပဲ။



ဒီပွဲမတိုင်ခင်မှာလည်း နှစ်သင်းစလုံးအတွက် အခက်အခဲတွေနဲ့ ကြုံထားရတာ တွေ့ရမှာ ဖြစ်ပြီး ချဲလ်ဆီးနည်းပြ ဆာရီအနေနဲ့ လူစားလဲလို့ ကွင်းထဲက မထွက်တဲ့ ဂိုးသမားကို ဒီပွဲမှာ ပြန်လည်ပွဲထွက်ခွင့်ပေးမှာလားဆိုတဲ့ မေး ခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရတာပါ။

စပါးအသင်းကလည်း ဘန်လေကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ထားလို့ ချန်ပီယံပြေးလမ်းကနေ မထင်မှတ်ပဲ ဝေးကွာနေတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်း

-     ချဲလ်ဆီးနည်းပြ ဆာရီကတော့ ပြီးခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ အသုံးပြုခဲ့တဲ့ ဘယ်နောက်ခံလူ အီမာဆင်ကို အလွန်ဆိုထက်ပိုပြီး ပထမဦးစားပေးကစားသမားအဖြစ် ပွဲထုတ်လာဖို့ ရှိတယ်လို့ သိရပါတယ်။

-     စပါးအသင်းမှာတော့ အလီလွဲချော်နေဦးမှာ ဖြစ်ပြီး အဲရစ်ဒိုင်ယာလည်း ပါဝင်လာဖို့မရှိသေးပါဘူး။ ဒါပေမယ့် နည်းပြ ပွန်ချက်တီနိုကတော့ ဒီပွဲအပေါ် စိတ်ရှုပ်ထွေးမှု တစုံတရာမရှိဘူးလို့ ပြောထားပါ တယ်။

အချက်အလက်များ

-     လန်ဒန်ဒါဘီက ချဲလ်ဆီးအိမ်ကွင်းမှာ ကစားမှာ ဖြစ်လို့ ချဲလ်ဆီးအိမ်ကွင်းဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံ ထားတဲ့ နောက်ဆုံး ၃၂ပွဲကို ပြန်ကြည့်ရင် စပါးအသင်းအနေနဲ့ တစ်ပွဲသာ နိုင်ထားတာ တွေ့ရပါတယ်။ ချဲလ်ဆီးက ပွဲ၂၀ နိုင်ထားပြီး ၁၁ ပွဲသရေကျထားလို့ အိမ်ကွင်းစွမ်းဆောင်ရည် မြင့်မားနေတာ တွေ့ရပါ တယ်။

-     ဒါပေမယ့် ဒီရာသီ လန်ဒန်ဒါဘီတွေ့ဆုံမှုမှာ အမှတ်အများဆုံး ရယူထားနိုင်တဲ့ အာဆင်နယ်ထက် စပါးက တစ်မှတ်လျော့နေခဲ့ပြီး လန်ဒန်ဒါဘီမှာ ဒုတိယအမှတ်အများဆုံး ရယူထားတဲ့ အသင်းအဖြစ် ရပ်တည်နေတာလည်း ရှိပါတယ်။

-     မနှစ်ကဘောလုံးရာသီ ဒီနှစ်သင်းနှစ်ကြိမ်တွေ့ဆုံထားရာမှာတော့ စပါးက အိမ်ကွင်းရော အဝေးကွင်းမှာမှာ ၃-၁ ဂိုးဆိုတဲ့ တူညီတဲ့ ရလဒ်နဲ့ ချဲလ်ဆီးကို အနိုင်ယူထားပါတယ်။

-     ဒါကြောင့် ၁၉၆၁ နဲ့ ၁၉၆၃ ၂ နှစ်အတွင်း ၅ ကြိမ်ဆက်တွေ့ဆုံမှုမှာ စပါးက ၅ ကြိမ်စလုံးချဲလ်ဆီးကို အနိုင်ယူနိုင်ခဲ့ပြီးနောက် အခုတစ်ကြိမ် ၂၀၁၇-၁၈ ကနေ ၂၀၁၈-၁၉ ဘောလုံးရာသီအတွင်း ၃ ကြိမ် ဆက်ထိ ပြန်အနိုင်ယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၂၂ ကြိမ်တွေ့ဆုံထားမှုကို ကြည့်ရင်တော့ ချဲလ်ဆီးက ၁၀ ပွဲနိုင်ပြီး စပါးက ၅ ပွဲသာ နိုင် ထားကာ ၇ ပွဲက သရေကျထားပြန်ပါတယ်။

ချဲလ်ဆီးက ဒီပွဲပြီးတာနဲ့ ဖူဟမ်နဲ့ လန်ဒန်ဒါဘီ ဆက်ကစားရမှာ ဖြစ်ပြီး အဲ့နောက် ဒိုင်နမိုကိဗ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို ဆက်လက်ကစားရမှာပါ။

စပါးကတော့ ချဲလ်ဆီးနဲ့ ပြီးတာနဲ့ နောက်ထပ် လန်ဒန်ဒါဘီ ပြိုင်ပွဲကြီးအဖြစ် အာဆင်နယ်အသင်းနဲ့ ထပ်ကစားရမှာ ဖြစ်ပြီး အဲ့ဒါပြီးရင်တော့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲ တဆက်တည်းကစားရမို့ စပါးအတွက် တော့ဒီတစ်ပတ်က ပွဲကြပ်ကာလာလို့ ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က