နှစ်ပတ်အတွင်းအကောင်အထည်ဖော်သွားမှာပါ။

နေပြည်တော်မှာ ရပ်ကွက်အလိုက် နိုင်ငံတကာအဆင့်မီပုံစံ ရွေ့လျားဈေးကို ကားကြီးတွေနဲ့ လှည့်လည်ရောင်းချဖို့ နေပြည်တော်စည်ပင်က စီစဉ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိလှည့်လည်ရောင်းချနေတဲ့ ရွေ့လျားဈေးသည်တွေလိုမဟုတ်ဘဲ Mini Market လိုပုံစံ ကားကြီးတွေနဲ့ ရောင်းချသွားမှာဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို စနစ်တကျနဲ့ ဈေးထဲမှာလို စိတ်ကြိုက်ရွေးဝယ်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

“ သူများနိုင်ငံတွေမှာ mobile ဈေးကိုဘယ်လိုလုပ်လဲ ကျွန်တော်တို့လေ့လာတဲ့အခါမှာ သူတို့တွေရဲ့ ဈေးကားတွေက ကားကြီးတွေနဲ့ Mini Market လိုပုံစံပြင်ထားတယ်။ ကားကြီးကို ဘေးကနေဖွင့်လိုက်ရုံပဲ မှန်အိမ်တွေဘာတွေနဲ့ သေချာလုပ်ထားတာ။ အဲလိုမျိုးကားနှစ်စီးအစမ်းလုပ်ကြည့်ဖို့ နေပြည်တော်စည်ပင်က စမ်းလုပ်နေပြီး ဝန်ထမ်းအိမ်ယာတွေမှာ စမ်းရောင်းကြည့်မယ်” လို့ ဦးရဲမင်းဦးက ပြောပါတယ်။ 

အခုလိုလုပ်ဆောင်တာနဲ့ နေပြည်တော်စည်ပင်သာယာအနေနဲ့ စမ်းသပ်လုပ်ဆောင်တာဖြစ်ပြီး အဆင်ပြေမှုရှိလို့ အခုလို စီးပွားရှာချင်တဲ့သူတွေရှိရင်လည်း ဆက်လက်လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။ စီးပွားရေးလုပ်ကိုင်လိုပြီး အရင်းအနှီးမရှိတဲ့ သူတွေအတွက်ကိုလည်း စည်ပင်ဘဏ်ရဲ့ ချေးငွေနဲ့ လုပ်ဆောင်ပေးသွားဖို့ရှိတယ်လို့ ဦးရဲမင်းဦးက ပြောပါတယ်။ 

လက်ရှိရောင်းချနေတဲ့ ရွေ့လျားဈေးသည်လေးတွေမှာဆိုရင် အသား၊ငါးတွေက ထုတ်ပြီးသားဖြစ်လို့အထုပ်လိုက်ဝယ်ယူနေရတာဖြစ်ပြီး အခုလုပ်ဆောင်မယ့် ရွေ့လျားဈေးကားကြီးတွေမှာတော့ အားလုံးကို စိတ်ကြိုက်ရွေးဝယ်နိုင်အောင် စီစဉ်သွားမှာလည်းဖြစ်ပါတယ်။ 

အခုလို ရွေ့လျား ဈေးကားကြီးတွေကို နစ်ပတ်အတွင်းမှာ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး လက်ရှိရောင်းချနေတဲ့ mobile ဈေးသည်လေးတွေ ရောင်းချမှုမရှိတဲ့ ဝန်ထမ်းရပ်ကွက်တွေနဲ့ လူကြီးရပ်ကွက်တွေမှာ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က