• Featured

    “ငွေဘယ်လောက်ဝင်ဝင် တစ်နေ့တစ်ထောင်ထက် ပိုမသုံးခဲ့ဘူး” - စိုးပြည့်ပြည့်စံ

ချွေတာစုဆောင်းတတ်တဲ့ အသီးအပွင့်တွေကို ခံစားနေရပါပြီ။

အဆိုတော် စိုးပြည့်ပြည့်စံက ၂၀၀၄ ခုနှစ်မှာ မော်ဒယ်လ်ရှိုးပွဲတွေ နဲ့ အနုပညာလောထဲကို စတင်ခြေချခဲ့တာဖြစ်ပြီး အဲဒီကတည်းက ငွေတန်ဖိုးကို နားလည်ကာ ဝင်ငွေဘယ်လောက်ကောင်းကောင်း ခြစ်ခြစ်ကုတ်ကုတ်စုဆောင်းခဲ့တဲ့အကြောင်းကို Duwun ကတစ်ဆင့် ပရိသတ်ကို ဝေမျှလာပါတယ်။

image

ဓာတ်ပုံ - စိုးပြည့်ပြည့်စံ

" မော်ဒယ်လ် စလုပ်တော့ ရှိုးတစ်ပွဲလျှောက်ရင် ၁၅၀၀ စပြီးရတယ်။ ရတဲ့ ပိုက်ဆံတွေကိုလည်း တစ်နေ့ကို ၅ဝဝ နဲ့ ၁၀၀၀ ကြားပဲသုံးတယ်။ လိုင်းကားစီးတယ်။ လမ်းလျှောက်တယ်။ စုသင့်တာကိုစုတယ်။ မှတ်မှတ်ရရ ပွဲတိုင်းမှာ အောင်မြင်မှုရခဲ့တဲ့ အစ်မရဲ့ ဖိနပ်လေး ၃ သောင်းခွဲတန်ကို စီးရဖို့ ၆ လလောက် စုခဲ့ရတယ်။ အနုပညာနယ်ပယ်မှ ာလျှောက်လှမ်းနေပေမယ့် မလိုတာတွေမဝယ်ဘူး။ ဂျင်းဘောင်းဘီ တစ်ထည်နဲ့လည်း ပွဲတွေထပ်ခဲ့တာ မနည်းဘူး။ အလှအပတွေ လိုချင်ပေမယ့်လည်း ငွေစုချင်တဲ့စိတ်နဲ့ ဘာမှကို မဝယ်ခဲ့တာ။ လှည့်ကိုမကြည့်ခဲ့ဘူး။ အဲဒီအတွက်ကြောင့်လည်း လူတွေရဲ့ နှိမ်တာ၊ ချိုးတာ ခံခဲ့ရပေမယ့် မမှုခဲ့ပါဘူး" လို့ စိုးပြည့်ပြည့်စံက ပြောပြလာပါတယ်။ 

ဓာတ်ပုံ - စိုးပြည့်ပြည့်စံ

မော်ဒယ်လ်လောကမှာ လျှောက်လှမ်းနေစဉ်မှာပဲ အလှမယ်ဆုပေါင်းများစွာကို ရရှိခဲ့ပြီးနောက်မှာ ကြော်ငြာအချို့ နဲ့ သီချင်း၊ MTV အများစုမှာ ပါဝင် သရုပ်ဆောင်ခဲ့ရပြီး အနုပညာကြေးတွေ အရင်ကထက် ပိုရလာပေမယ့်လည်း သူမရဲ့ အသုံးစရိတ်နဲ့ စားစရိတ်တွေကို အရင်အတိုင်းခြိုးခြံ ချွေတာခဲ့သူပါ။

ဓာတ်ပုံ - စိုးပြည့်ပြည့်စံ

"(အနုပညာကြေး) ပိုက်ဆံတွေက သောင်းဂဏန်းကနေ သိန်းဂဏန်း ၊ ဆယ်ဂဏန်းထိ ရခဲ့တယ်။ အဲဒီလိုငွေ တွေရလာတဲ့အချိန်မှာ ငွေကိုဘယ်လို ပွားအောင် စုရမလဲဆိုတာ နေ့တိုင်း နဖူးပေါ်လက်တင်ပြီးတော့ကို မအိပ်ဘဲ စဉ်းစားတာ။ နေ့တိုင်း ကြက်ဥပြုတ်၊ ဘဲဥပြုတ် တစ်ခြမ်းစီ စားပြီး ပိုက်ဆံ ကိုချွေတာခဲ့တယ်။ ကန်စွန်းရွက်ကြော်နဲ့ စားတယ်။ ကြက်သွန်ကို ငရုတ်သီးမှုန့်နဲ့ သုပ်စားတယ်။ တစ်နေ့ကိုငွေ ဘယ်လောက်ဝင်ဝင် တစ်ထောင်ထက်ပိုမသုံးခဲ့ဘူး"လို့ ပိုက်ဆံ စုခဲ့စဉ်က ငွေဘယ်လို ချွေတာ သုံးစွဲ ခဲ့တယ်ဆိုတဲ့အကြောင်းကို လည်း ပြောပြခဲ့ပါတယ်။ 

ဓာတ်ပုံ - Duwun

အဲဒီလို ချွေတာ စုဆောင်းခဲ့ရာကနေ ခြံ လေးတစ်ခြံကို စပြီး ဝယ်နိုင်ခဲ့ကာ ခြံဝယ်ရောင်းလုပ်ရာက လှည်းတန်းမှာ တိုက်ခန်းတစ်ခန်းကို ဝယ်ထားခဲ့နိုင်တယ်လို့လည်းဆိုပါတယ်။ ခေတ် အ ခြေအ နေကိုလိုက်ပြီး တော့လည်း ရွှေနဲ့ ဒေါ်လာတွေကို ဝယ်စုခဲ့ပြီး ရတဲ့အ မြတ်တွေကနေတစ်ဆင့် လက်ဝတ်ရတနာ ပစ္စည်းတွေကိုလည်း ထပ်ပြီး ဝယ်ယူစုဆောင်းနိုင်ခဲ့ပါတယ်။ 



ဓာတ်ပုံ - စိုးပြည့်ပြည့်စံ

အဆိုတော်စိုးပြည့်ပြည့်စံက ၂၀၁၁ခု နှစ်မှာ အဆိုတော်လောကထဲကို အခြေ ချခဲ့တာဖြစ်ပြီး ၂၀၁၃ခု နှစ်မှာ Only One Album နဲ့ ၂၀၁၆မှာ Single Lady သီချင်းခွေ တွေကိုထွက်ရှိခဲ့ပါတယ်။ ၂၀၁၇ခု နှစ်မှာ အိမ်ထောင်ပြုခဲ့ကာ ၂၀၁၈ခု နှစ်မှာတော့ သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။

သရုပ်ဆောင် အဆိုတော် စိုးပြည့်ပြည့်စံက အခုဆိုရင် သူမရဲ့ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ "ရှယ်ပဲ" ယိုးဒယား ပင်လယ်စာအ ထောင်းဆိုင်ကို ဖွင့်လှစ်ထားပြီး အွန်လိုင်းက နေလည်း ထိုင်းနိုင်ငံ ထုတ် လူသုံးကုန် ဆေးဝါးနဲ့ အလှပစ္စည်းတွေကို Live လွှင့်ရောင်း ချ တဲ့အလုပ်တွေကို လုပ်ကိုင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က