ဈေးမနည်းမနော ပေးရဖို့ ရှိပါတယ်

Storage ကုမ္ပဏီတစ်ခုဖြစ်တဲ့ Micron ဟာ ကမ္ဘာ့သိုလှောင်မှုအမြင့်ဆုံး microSD Card တစ်မျိုး ဖန်တီးလိုက်ပါတယ်။ 

Micron ရဲ့ 176-Layer 3D NAND Process နဲ့ ထုတ်လုပ်ထားတဲ့ ဒီ SD Card ကို i400 လို့ နာမည်ပေးထားပါတယ်။ Micron i400 microSD Card ဟာ 1.5TB Storage အထိ သိုလှောင်နိုင်ပြီး စက်မှုလုပ်ငန်းသုံးအဆင့် ဗွီဒီယိုလုံခြုံရေးစနစ်တွေမှာ သုံးဖို့ ဒီဇိုင်းထုတ်လိုက်တာလို့ ဆိုပါတယ်။ Micron ရဲ့ 1.5TB microSD Card ဟာ ၄ လဆက်တိုက် (ရက်၁၂၀ ကြာ) ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုလုံခြုံရေးရုပ်ကဒ်တွေကို သိမ်းဆည်းထားနိုင်စွမ်း ရှိတယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။



 

ဒီ SD Card ဟာ လူမျက်နှာခွဲခြားခြင်း ၊ လိုင်စင်နံပါတ်ပြား ဖတ်ခြင်း နဲ့ အရာဝတ္ထုထောက်လှမ်းခြင်းလို AI လုပ်ဆောင်မှုတွေကို တစ်စက္ကန့် ၈ ခုအထိ လုပ်ဆောင်နိုင်စွမ်း ရှိပြီး 4K Video Recording တွေလည်း သိမ်းဆည်းနိုင်လောက်အောင် မြန်ဆန်တယ်လို့ ဆိုပါတယ်။ i400 microSD card ဟာ ဒေတာပို့ဆောင်မှုကို တစ်စက္ကန့် 4GB အထိ လုပ်ဆောင်နိုင်တဲ့ မြန်နှုန်းမြင့် ဒေတာပို့ဆောင်ရေးနည်းပညာ ပါဝင်ပါတယ်။ 

တစ်ရက် ၂၄ နာရီနှုန်းနဲ့ ၅ နှစ်အထိ ဆက်တိုက် ဗွီဒီယို record လုပ်နိုင်တဲ့အပြင် လွတ်ကျဒဏ် နဲ့ ရေစိုဒဏ်ခံနိုင်တဲ့ Shock-Proof / Water-Proof စွမ်းဆောင်ရည်လည်း ပါဝင်ပါတယ်။ အပူချိန်အနေနဲ့ အနိမ့်ဆုံး အနုတ် ၂၅ ဒီဂရီဆဲလ်စီးယပ်စ်ကနေ အမြင့်ဆုံး ၈၅ ဒီဂရီဆဲလ်စီးယပ်စ် (အနုတ် ၁၃ ဒီဂရီ ဖာရင်ဟိုက်မှ ၁၈၅ ဒီဂရီ ဖာရင်ဟိုက်အထိ) အပူချိန် ခံနိုင်ရည် ရှိမှာပါ။ ထုတ်ကုန်သက်တမ်းအနေနဲ့ နာရီပေါင်း ၂ သန်း (နှစ်ပေါင်း ၂၂၈ နှစ်)အထိ မပျက်စီးဘဲ အသုံးပြုနိုင်မယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ 



Micron i400 ကို လုံခြုံရေးကင်မရာတွေအပြင် Dash Cams ၊ အိမ်လုံခြုံရေးစနစ် ၊ ရဲတပ်ဖွဲ့ဝင်တွေအတွက် ကိုယ်မှာ တပ်ဆင်နိုင်တဲ့ Body Cameras တွေမှာပါ အသုံးပြုဖို့ မျှော်လင့်ထားပါတယ်။ Micron ဟာ 256GB ၊ 512GB နဲ့ 1TB Storage သိမ်းနိုင်တဲ့ SD Card တွေ ထုတ်လုပ်ထားပြီး 1.5TB Version အနေနဲ့ အခုက ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် ထုတ်လုပ်လိုက်တာပါ။ 

Micron i400 ရဲ့ ဈေးနှုန်းကို လတ်တလော မသိရသေးပေမယ့် ၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ SanDisk ရဲ့ ပထမဆုံး 1TB MicroSD Card ဟာ ဒေါ်လာ ၄၅၀ ဈေးနဲ့ ထွက်ခဲ့တာ ဖြစ်လို့ ဒီထုတ်ကုန်ကလည်း အတော်ကြီး ဈေးမြောက်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က