အသင်းဘက်က သူ့အတွက် နှုတ်ဆက်အင်တာဗျူးလုပ်ပေးခဲ့တာပါ။

ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကို သူပြောချင်တဲ့သတင်းစကားတွေကို ဆိုးလ်ရှားပြောဆိုခွင့်ရရှိခဲ့ပြီး ကလပ်အသင်းဘက်က ဂန္ထဝင်ကစားသမားတစ်ဦးကို အထူးအခွင့်အရေးပေးခဲ့တာလည်းဖြစ်ပါတယ်။ 


ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ အသင်းနဲ့အတူ နောက်ဆုံးအကြိမ်အင်တာဗျူးပြုလုပ်ခွင့်ရရှိခဲ့ပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကို သူပြောချင်တဲ့သတင်းစကားတွေကို ဆိုးလ်ရှားပြောဆိုခွင့်ရရှိခဲ့ပြီး ကလပ်အသင်းဘက်က ဂန္ထဝင်ကစားသမားတစ်ဦးကို အထူးအခွင့်အရေးပေးခဲ့တာလည်းဖြစ်ပါတယ်။ 



နော်ဝေသားနည်းပြဟာ ဝက်ဖို့ဒ်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်မှာ ၃ နှစ်နီးပါးကြာအောင် တာဝန်ယူပေးခဲ့တဲ့ ဆိုးလ်ရှားကို မဖြစ်မနေထုတ်ပယ်ဖို့ဖြစ်လာခဲ့တဲ့နောက် အသင်းဘက်က လမ်းခွဲခဲ့တာဖြစ်ပြီး သူ့ရဲ့နောက်ဆုံးအင်တာဗျူးမှာတော့ ဆိုးလ်ရှားတစ်ယောက် မျက်ရည်တွေပါကျခဲ့ရတဲ့အထိဖြစ်ခဲ့ရပါတယ်။ 

"ကစားသမားတွေကိုပြောချင်တာကတော့ ဒီမနက်က ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ကိုယ့်ကိုကိုယ်ယုံကြည်ပါ၊ ဒီထက်ကောင်းအောင် မင်းတို့လုပ်နိုင်တယ်ဆိုတာပဲ၊ ဒါကို ကျွန်တော်တို့မလုပ်နိုင်ခဲ့ပေမယ့်လည်း အပြင်ထွက်ချိန်မှာ ရင်ဘတ်ကိုကော့ပြီး ယူနိုက်တက်ကစားသမားဖြစ်ရတာ၊ ချန်ပီယံလိဂ်လို အဆင့်အမြင့်ဆုံးပြိုင်ပွဲမှာ ဝင်ကစားရတာကို ဂုဏ်ယူနေလိုက်ကြစမ်းပါ"



"တကယ်လို့ လာမယ့်ပွဲကို အနိုင်ရမယ်ဆိုရင် ချန်ပီယံလိဂ်မှာ နောက်တဆင့်ကို တက်ရောက်မှာပါ၊ ကာရစ်က တာဝန်ယူပါတော့မယ်၊ သူ့ကို ကျွန်တော်လေးစားမှုအပြည့်ရှိတယ်၊ ချစ်လည်းချစ်ပါတယ်၊ ကျွန်တော် အသင်းပွဲစဉ်တွေကို ကြည့်နေမှာပါ၊ ပြီးတော့ အားပေးနေမှာပါ၊ အသင်းရှေ့ဆက်ဖို့ယုံကြည်ချက်တွေရှိနေခဲ့တာကို ကျွန်တော်ဂုဏ်ယူမိပါတယ်၊ ကျွန်တော်ရောက်လာတုန်းကထက် ပိုကောင်းတဲ့အခြေအနေမှာ ထားခဲ့ဖို့လည်း မျှော်လင့်ခဲ့တာပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

ဒီလိုပြောဆိုနေချိန်အတွင်း ဆိုးလ်ရှားဟာ မျက်ရည်တွေဝဲနေခဲ့ပြီး မငိုမိအောင် မနည်းချုပ်တည်းထားခဲ့တာကို ယူနိုက်တက်အသင်းက တွစ်တာကနေ ဖော်ပြခဲ့တဲ့ ဗီဒီယိုကလစ်မှာ မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ ယာယီနည်းပြအဖြစ် ကာရစ်ကို တာဝန်ယူခိုင်းထားပြီး ဇီဒန်း၊ ပိုချက်တီနို၊ အဲရစ်တန်ဟက်ဂျ်၊ ရော်ဂျာတို့ကို အလိုရှိတဲ့နည်းပြစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က