• နည်းပညာမြင့် Headset သစ်အတွက် Operating System ဖန်တီးပြီးသွားပြီဖြစ်တဲ့ Apple

AR/VR ပိုင်း ပညာရှင်တွေလည်း အလုပ်ခေါ်နေပါတယ်

AR နဲ့ VR နည်းပညာတွေ ပေါင်းစပ်ထားတဲ့ အဆင့်မြင့် Mixed Reality Headset သစ်အတွက် Apple ဟာ အတော်ခရီးရောက်နေပြီလို့ ဆိုပါတယ်။ 

နာမည်ကြီး Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းရဲ့ Power On Newsletter နောက်ဆုံးဗားရှင်းမှာ Apple ဟာ Oak လို့ ကုဒ်နာမည်ပေးထားတဲ့ Mixed-Reality Headset အတွက် Operating System ပထမဆုံးဗားရှင်း ဖွံ့ဖြိုးမှု လက်စသတ်နေပြီလို့ ဆိုပါတယ်။ "နောက်နှစ်မှာ ထွက်မယ့် ထုတ်ကုန်သစ်အတွက် အဆင်သင့်ဖြစ်နေသင့်ပါပြီ" လို့ ဂါးမန်းက ပြောပါတယ်။ Apple ဟာ အာရုံခံစနစ်တွေကနေတစ်ဆင့် အသုံးပြုသူကို ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ သတင်းအချက်အလက်တွေ မျှဝေတဲ့ Augmented Reality (AR) နည်းပညာကို အပြင်လောကမြင်ကွင်းအတိုင်း ပုံရိပ်ယောင်ဖန်တီးမှုလုပ်နိုင်မယ့် Virtual Reality (VR) နည်းပညာတို့‌ ပေါင်းစပ်ထားတဲ့ Mixed-Reality Headset တစ်မျိုး ထုတ်လုပ်ဖို့ ကြိုးစားနေတာပါ။

image

Photo: 9to5Mac


ကာလရှည်သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ Apple MR Headset ကို လာမယ့် ၂၀၂၃ ခုနှစ်မှာ မြင်တွေ့ရဖို့လည်း နီးစပ်နေပါတယ်။ စီးပွားရေးမရေရာမှုတွေအကြားမှာ Apple ဟာ ဝန်ထမ်းခေါ်ယူမှု သိသိသာသာကြီး လျှော့ချထားပေမယ့် Mixed-Reality Headset နဲ့ တခြား AR/VR နည်းပညာတွေပေါ်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့တွေအတွက် လူသစ်ရှာဖွေမှုတွေ ရှိပါတယ်။ Apple ဟာ Headset ထုတ်လုပ်နေတဲ့ TDG လို့ ခေါ်နေတဲ့ Apple နည်းပညာဖွံ့ဖြိုးမှုအဖွဲ့ကိုလည်း အပြောင်းအလဲတွေ လုပ်ဆောင်နေပါတယ်။ 

"ကုမ္ပဏီဟာ Visual Effects နဲ့ ဂိမ်းထုတ်ကုန်ပိုင်းမှာ အတွေ့အကြုံရှိတဲ့ ဆော့ဖ်ဝဲလ် Developer တစ်ဦး ရှာဖွေနေပါတယ်။ Augmented နဲ့ Virtual Reality ပတ်ဝန်းကျင်တွေအတွက် ဒီဂျစ်တယ် Content တွေ ဖန်တီးနိုင်မယ့်သူမျိုးပေါ့။ အလုပ်ခေါ်စာထဲမှာ Virtual Reality မှာ ကစားနိုင်တဲ့ 3D သုံးဖက်မြင် Content တွေ ပါဝင်တဲ့ Headset အတွက် Video Service တစ်ခု တည်ဆောက်ဖို့ ပါရှိပါတယ်။" လို့ ဂါးမန်းက ပြောပါတယ်။ 

Apple ဟာ Mixed-Reality Headset မှာ တခြား Third-Party Apps တွေ သုံးနိုင်အောင်လည်း ကြိုးစားနေတာပါ။ Apple ရဲ့ ပုံရိပ်ယောင်ပတ်ဝန်းကျင်ဟာ Metaverse နဲ့ ဆင်တူပြီး MX Reality Headset အတွက် Apple AR/VR ဒုဥက္ကဌ မိုက်ခ် ရော့ခ်ဝဲလ်နဲ့ Hardware ပိုင်း အကြီးအကဲ ဒန် ရီစ်ဆီယိုတို့က ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က