ဘာစီလိုနာကတော့ ထုံးစံအတိုင်းပါပဲ။

ဘာစီလိုနာကတော့ သူတို့ရဲ့ နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီနည်းပြဟောင်း ဟန်ဆီဖလစ်ခ်ကို ခန့်အပ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် ဟန်ဆီဖလစ်ခ်ကို တရားဝင် မှတ်ပုံမတင်နိုင်သေးပါဘူး။



ဘာစီလိုနာဟာ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းလည်းဖြစ်တဲ့ ဇာဗီကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ဟန်ဆီဖလစ်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း မြန်မြန်ဆန်ဆန်ပဲ​ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာက ဟန်ဆီဖလစ်ခ်အပြင် ဟန်ဆီဖလစ်ခ်ရဲ့ နည်းပြအဖွဲ့ဝင်တွေကို နည်းပြသစ်အဖြစ် တရားဝင် မှတ်ပုံမတင်နိုင်သေးကြောင်း သိရှိရပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေးအရ ဝင်ငွေ၊ ထွက်ငွေ မမျှတတဲ့ အနေအထားမျိုးကို ရင်ဆိုင်နေရပြီး အရင် အပြောင်းအရွှေ့တွေကလိုမျိုး အခက်တွေ့ဖို့ ရှိနေပါတယ်။

ဘာစီလိုနာဟာ အပြောင်းအရွှေ့ရာသီရောက်တိုင်း၊ ကစားသမားသစ် ခေါ်ယူပြီးတိုင်း ဒီကစားသမားကို တရားဝင် မှတ်ပုံတင်နိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။ အရင်နှစ်တွေကလည်း အသင်းရဲ့ မူပိုင်ခွင့်တွေကို ရောင်းထုတ်ပြီး ဖြေရှင်းခဲ့ရသလို လက်ရှိမှာလည်း ဒီပုံစံအတိုင်း ထပ်မံဖြေရှင်းရဖို့ ရှိနေပြန်ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ အသင်းမှာ ဘဏ္ဍာရေးပြဿနာတွေရှိနေသည့်တိုင် ကစားသမားသစ် ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေဆဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအနေနဲ့ ဒီလိုမျိုး ကစားသမားသစ် ခေါ်ယူဖို့အတွက်ဆိုရင် အသင်းမှာရှိတဲ့ ထွက်ငွေ၊ ကစားသမားတွေရဲ့ လစာငွေတွေကို လျှော့ချဖို့ လိုအပ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က