လာမယ့် ၂၀၂၀ မှာစတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 ရန်ကုန်- ပြည် မီးရထားလမ်းကို အမေရိကန်ဒေါ်လာ သန်း၂၀၀ အသုံးပြုပြီးအဆင့်မြှင့်တင်တာတွေ လုပ်သွားမယ်လို့ မြန်မာ့မီးရထားလုပ်ငန်းကနေ သိရပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်နေမှုအား ယခုလအတွင်းတွေ့ရစဉ် (ဓါတ်ပုံ-ဇော်လွင်)

ရန်ကုန်-ပြည် မီးရထားလမ်းကို အမေရိကန်ဒေါ်လာ သန်း၂၀၀ အသုံးပြုပြီးတော့ အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး အဲ့ဒီလိုအဆင့်မြှင့်တင်မှုကို သုံးနှစ်အတွင်းမှာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားလုပ်ငန်းရဲ့ ပြောဆိုချက်ကို အစိုးရသတင်းဌာနတစ်ခုဖြစ်တဲ့ New Light of Myanmar သတင်းဌာနကဖော်ပြထားပါတယ်။



ဒီလိုပြင်ဆင်မှုအတွက် နိုင်ငံတကာကကုမ္ပဏီတွေကို တင်ဒါခေါ်ဆိုဖို့ပြင်ဆင်နေပြီးတော့ ရန်ကုန်-ပြည်မီးရထားလမ်းက မီးရထားစီးသူပေါင်း ၇၅ ရာခိုင်နှုန်းကို ပြေးဆွဲပေးနေတဲ့ တစ်နိုင်ငံလုံးကမီးရထားလမ်းတွေထဲက အဓိကကျတဲ့ လမ်းကြောင်းတစ်ခုထဲမှာပါဝင်နေပါတယ်။ အဆင့်မြှင့်တင်မှုကို လာမယ့် ၂၀၂၀ မှာစတင်သွားမှာဖြစ်တယ်လို့ မီးရထားတာဝန်ရှိသူတစ်ဦးက ပြောထားတယ်ဆိုပြီး အဆိုပါသတင်းမှာကိုးကားဖော်ပြထားပါတယ်။

ဒီလိုအဆင့်မြှင့်တင်မှုနဲ့ပါတ်သတ်ပြီးတော့ Asian Development Bank နဲ့ European Investment Bank တို့ကနေ ချေးငွေရယူသွားမယ်လို့ သိရပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ရန်ကုန်-မန္တလေးရထားလမ်းနဲ့ ရန်ကုန်-မော်လမြိုင်ရထားလမ်းအပိုင်းကိုလည်း အဆင့်မြှင့်ဖို့ ဦးစားပေးလုပ်ဆောင်နေတာဖြစ်သလိုပြည်တွင်းက မြို့ပတ်ရထားလမ်းပိုင်းကိုလည်း အဆင့်မြှင့်တင်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က