ရန်ကုန်က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ ယခု မေလကစပြီး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက မေလ ၃ ရက်နေ့မှာ ပြောပါတယ်။
“တရုတ်က နယ်စပ်ဂိတ်တွေမှာ ကုန်စည်တင်ပို့တာက ရောဂါပိုးကြောင့် အခက်အခဲတွေတော့ ကြုံနေရတယ်။ ရန်ကုန် အဝေးပြေးကုန်စည်ပို့ဆောင်တာကတော့ သင်္ကြန်ကာလ ပိတ်ရက်တွေမှာ ယာဉ်လုပ်သားတွေ နယ်ပြန်တာတွေရှိတဲ့အတွက် သင်္ကြန်ကာလပြီးလို့ ပြန်လည်ပတ်တဲ့အခါမှာ ယာဉ်လုပ်သားတွေ ပြန်လာရတာ အခက်အခဲရှိတေည့ လုပ်ငန်း တွေ အထနှေးသွားတာရှိ တယ်။ဒါပေမယ့် ခု မေလက စပြီးတော့ ရန်ကုန်ရဲ့ ကုန်စည် ပို့ဆောင် မှုက ပုံမှန်အတိုင်း လည်ပတ်နေမှာပါ”လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း နာယက ဦးလှဦးက ဆိုပါတယ်။
ရန်ကုန်တိုင်းက မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ မူဆယ်၊ စစ်တွေ၊ စတဲ့ဒေသတွေကို ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်၊ မီးဖိုချောင်သုံးပစ္စည်း၊ အချိုရည် စတဲ့ လူအသုံးကုန်ပစ္စည်းတွေ အဓိကထားတင်ပို့ပေးတာဖြစ်ပြီး မေလကစပြီး ပုံမှန်အတိုင်း လည်ပတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် မိုးတွင်းကာလမှာ ကုန်စည်စီးဆင်းမှုတွေ ကျဆင်းမသွားအောင်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတော့ အညာဘက်က ဒေသတချို့ဟာ ကုန်စည်ပို့ဆောင်မှုကားတချို့ကို မြို့ဝင်ခွင့်မပြုတာကြောင့် လုပ်ငန်းရှင်တွေအခက်အခဲဖြစ်ခဲ့ရတယ်လို့သိရပါတယ်၊
" အညာဘက်က မြို့တစ်ခုကို သွားတာပေါ့။အဲ့ဒီမှာ ပစ္စည်းတင် ချပြုလုပ်မယ့် အလုပ်သမားရယ် ကားမောင်းရယ် လူ ၄ ယောက်လောက်ပါတယ်။ဒါပေမယ့် အဲ့ဒီဘက်က ဝင်ခွင့်မပေးလို့ ဒုက္ခအတော်ရောက်ခဲ့တယ်။ သက်ဆိုင်ရာအသင်းကိုလည်း စာတင်ပြခဲ့တယ်။ ကျန်တဲ့နေရာတွေက အဲဒီလိုမဟုတ်ဘူး အဆင်ပြေတယ်။ အခုတော့ ကုန်စည်လုပ်ငန်းအားလုံး ပြန်ဖွင့်နေပါပြီ"လို့ ဘုရင့်နောင်ပွဲရုံဝန်းထဲက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပို့ဆောင်းရေးကတော့ COVID-19 ဂယက် ကြာင့် ၊နယ်စပ်ဂိတ် ဝင်/ထွက် ခွင့်တွေ ခက်ခဲနေပါသေးတယ်။
ကုန်စည်စီးဆင်းမှုဟာ ကုန်စည်ပို့ဆောင်ရေးအတွက် အဓိက ကဏ္ဍတစ်ရပ်ဖြစ်သလို မြန်မာနိုင်ငံရဲ့ စီးပွားရေးအရင်းခံလည်းဖြစ်ပါတယ်။
(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသောသတင်း ဖြစ်ပါသည်)