ခရီးဆောင်အိတ်အတွင်း သိုဝှက်သယ်ဆောင်လာခဲ့တာပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မလေးရှားနိုင်ငံကို သွားရောက်မယ့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဆီကနေ ငွေကျပ် သိန်း ၅၆၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး အလွဲသုံးစားမှုထိန်းချုပ်ရေး ဗဟိုကော်မတီက မေလ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Photo- CCDAC Myanmar



ဧပြီလ ၃၀ ရက် မနက် ၇နာရီခွဲဝန်းကျင်က မူးယစ်တပ်ဖွဲ့ဝင်တွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Gate-3 X-Ray စက်မှာ ရှာဖွေစစ်ဆေးရာမှာ အဆိုပါ အမျိုးသားရဲ့ ခရီးဆောင်အိတ်အတွင်းမှာ သိုဝှက်သယ်ဆောင်လာတာကို တွေ့ခဲ့ရပါတယ်။

အလေးချိန် ၅.၆ ကီလို ရှိတဲ့ အိုက်စ်မူးယစ်ဆေးအပြင် မြန်မာငွေ ၁.၆ သိန်းနဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးုယူထားပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က