• Featured

    ရန်ကုန်မှာ ရေပြတ်တောက်မှု ကြာမြင့်နေရင် အဝီစိတွင်းတွေကနေ ဖြန့်ဝေပေးနိုင်ဖို့ စီစဥ်ထား

မေလဆန်းပိုင်းအတွင်း မုန်တိုင်းဝင်နိုင်ချေရှိနေတယ်လို့သိရပါတယ်။

ရေပြတ်တောက်မှု ကြာမြင့်လာရင်တော့ အဝီစိတွင်းက ရေတွေကို မီးသတ်က ရေသယ်ယာဥ်တွေနဲ့ သယ်ယူပြီး ပို့ဆောင်ပေးဖို့ စီစဥ်ထားတယ်လို့ လည်း သိရပါတယ်။

image

မုန်တိုင်းဝင်လို့ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရင် ရေပေးဝေရေးအခက်အခဲရှိနိုင်တဲ့အတွက် သောက်သုံးရေ ကြိုတင်စုဆောင်းထားဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေးဌာနက   သတင်း ထုတ်ပြန်ထားပါတယ်။ မေလဆန်းရက်များအတွင်း မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လာတဲ့အပေါ် ရေရရှိရေးနှင့်ရေပေးဝေရေးဌာနက အခုလို ဆက်လက် သတင်းထုတ်ပြန် လာတာပါ။

image

ဓာတ်ပုံ - Engineering Department_Water & Sanitation, YCDC

“ကျွန်မတို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။မီးပြတ်မယ်ဆိုရင် ရေပေးဝေရေး ပြတ်တောက်နိုင်တဲ့အတွက် သောက်သုံးရေတွေကို ကြိုတင်စုဆောင်းထားနိုင်ဖို့ အသိပေးထားတာပါ။

ရေပြတ် တောက်မှု ကြာရှည်နေပြီး ရေပြတ်လပ်မှု ဖြစ်ပေါ်လာပြီဆိုရင်တော့ အရန်သင့် စီစဥ်ထားတဲ့ အဝီစိတွင်းတွေက ရေတွေကိုမီးသတ်က ရေသည်ယာဥ်တွေနဲ့ ဖြန့်ဝေပေးဖို့လည်း လုပ်ဆောင်ထားပါတယ်။ဒီလိုဖြန့်ဝေဖို့ကတော့ ပြည်သူတွေရဲ့ ရေပြတ်လပ်မှုအပေါ်မူတည်ပါတယ်။”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ရေသန့် ဌာနက ဒု-ညွှန်ကြားရေးမှူး ဒေါ်ကျော့နိုင်ဦးက Duwun ကိုပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ် ၃၃မြို့နယ်စလုံးကို နေ့စဥ် ဂျိုးဖြူ၊လှော်ကား၊ဖူးကြီး၊ငမိုးရိပ်ရေလှောင်ကန်ကြီးများ၊ငမိုး ရိပ်ရေသန့်စင်စက်ရုံ၊လဂွန်းပြင် ရေသန့်စင်စက်ရုံနှင့် အဝီစိတွင်းများမှ ရေပေးဝေလျက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က