• Featured

    ရန်ကုန်မှာ ကိုဗစ်စည်းမျဉ်း မလိုက်နာတဲ့သူတွေကို တင်းတင်းကြပ်ကြပ် အရေးယူတော့မယ်လို့ အတိုင်ပင်ခံ သတိပေး

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့အရေးယူသွားမှာပါ။

ကိုဗစ်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ တာဝန်မဲ့တဲ့လုပ်ရပ်တွေကိုမလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။

အခုလိုတာဝန်မဲ့တဲ့ လုပ်ရပ်တွေကြောင့် ပြည်ထဲရေးဘက်ကနေ ဥပဒေနဲ့ ပတ်သက်လို့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့လိုပြီး ရန်ကုန်သူ၊ ရန်ကုန်သားတွေအနေနဲ့ အသွားအလာရဲတင်းလာတယ်လို့ အတိုင်ပင်ခံ ဒီနေ့ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

“လက်ရှိကူးစက် ပျံ့နှံ့မှုများပြားနေတဲ့ ရခိုင်နဲ့ ရန်ကုန်မှာဆိုရင် ရန်ကုန်ကကူးစက်မှု ပိုမြန်ဆန်လျှက်ရှိနေတယ်။ ရန်ကုန်သူ၊ ရန်ကုန်သားတွေအနေနဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး နည်းနည်းရဲတင်းပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရာမှာ အားနည်းလာတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့မှု ပိုများတာကတော့ အံ့အားသင့်သိပ်မရှိဘူးပါဘူး။ လိုက်နာမှုတွေအားနည်းပေမယ့် ထုတ်ပြန်ထားတဲ့ စည်းကမ်းစည်းကမ်းတွေကို လိုက်နာမှုမရှိရင် အရေးယူမှုအပိုင်းတွေပါဝင်တဲ့ အတွက် လိုက်နာမှုမရှိရင်တော့ ပိုပြီး တင်းကြပ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူမှုတွေလုပ်ဆောင်တော့မယ်” လို့ အတိုင်ပင်ခံကပြောပါတယ်။ 

ရန်ကုန်မှာ ကူးစက်မှုလူနာအရေအတွက်က ပိုများလာပေမယ့်လည်း ပြည်သူတွေအနေနဲ့ မစိုးရိမ်ဘဲ စည်းကမ်းတွေကို လိုက်နာကျဖို့ ပြောကြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေအနေနဲ့ မလုပ်နဲ့လို့ ကန့်သတ်ထားတဲ့ အရာတွေကို ကောင်းကျိုးအတွက် လိုလိုလားလားနဲ့ နားလည်လက်ခံဖို့အရေးကြီးသလို နိုင်ငံအတွက်တာဝန်မဲ့တဲ့ လုပ်ရပ်တွေ လုပ်တာကိုလည်းကိုလုံးဝမနှစ်မြို့ဘူးလို့ အတိုင်ပင်ခံက ဆိုပါတယ်။

စည်းကမ်းလိုက်နာမှုမရှိတဲ့ ပြည်သူတွေကို အရေးယူမှုတွေလုပ်မှာဖြစ်သလို မလိုလားအပ်ဘဲ ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်လိုဟာမျိုးတွေကိုလည်း ကြပ်ကြပ်မတ်မတ်၊ တင်းတင်းကြပ်ကြပ်အရေးယူပါမယ်လို့ အတိုင်ပင်ခံကပြောကြားပါတယ်။ ကူးစက်မှု မြန်ဆန်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင်လည်း ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ မြို့နယ်တချို့ကို  Stay at Home အစီအစဉ်အဖြစ် ထုတ်ပြန်ကြေညာထားပါတယ်။ Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့နယ်တွေကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က