Photo - Ministry of Construction
အဆိုပါ ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေပြီး စီမံကိန်း အပိုင်း (၁) ဆောင်ရွက်ရေး အစည်းအဝေးကို မေလ ၂ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ စီမံကိန်း (၁) အတွက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူတွေကို ရွေးချယ်ခဲ့ရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ အကျိုးတူအဖွဲ့အစည်း (၁၀) ခုကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
Photo - Ministry of Construction
အဆိုပါစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းနေရာရဲ့ အရှည်မှာ (၄၇.၅)ကီလိုမီတာ ဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်း (၁) အဖြစ် အရှေ့ဘက်ခြမ်း (၄)လမ်းသွားလမ်းမကြီး (၁၉)ကီလိုမီတာ၊ အရှေ့နှင့် အနောက် ချိတ်ဆက်ထားသော (၄)လမ်းသွား (၆) ကီလိုမီတာ ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆက်သွယ်ထားသော (၂)လမ်းသွား (၂.၅)ကီလိုမီတာ စုစုပေါင်း အရှည် (၂၇.၅)ကီလိုမီတာရှိတာဖြစ်ပါတယ်။
မိုးပျံ အမြန်လမ်းစီမံကိန်းကြောင့် ရန်ကုန်မြို့တွင်းမှာ တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို လျှော့ချပေးနိုင်မည့်အပြင် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထုရဲ့ လူမှုဘဝလည်း မြင့်မားလာမယ့် ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလည်း ဖြစ်ပါတယ်။