မန္တလေးရုံးခွဲကိုပါဆက်ဖွင့်မှာဖြစ်ပြီး လူ ထုနဲ့ ပိုထိတွေ့ခွင့်ရလာမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။
အဂတိလိုက်စားမှုတိုု်က်ဖျက်ရေးကော်မရှင်ရဲ့ ရန်ကုန်ရုံးခွဲကို မတ်လ ၁၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

"ဒါကရန်ကုန်တိုင်းရဲ့ကျက်သရေတစ်ခုပါ။ အဂတိတိုက်ဖျက်ရေးကိုကြားတဲ့အခြေအနေမှ ာအလုပ်လုပ်ရမှာ တွန့်ဆုတိတာမျိုးတွေ ရှိတတ်ပါတယ်။ အများအကျိူးအတွက် အထောက်အကူပြုပြီး တိုးတက်ဖို့အတွက် ဖြစ်စေနိူင်ဖို့ဒီရုံးတွေကိုဖွင့်လှစ်တာပါ'' လို့ ဝန်ကြီးချူပ်ဦးဖြိုးမင်းသိန်းကပြောပါတယ် ။



အဆိုပါရုံးခွဲက ပထမဆုံးရုံးခွဲဖြစ်ပြီးတော့ မန္တလေးရုံးခွဲကိုပါ ဆက်လက်ဖွင့်သွားမှာဖြစ်ပြီး လူထုနဲ့ ပိုမိုထိတွေ့ခွင့်ရလာမှာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ကိုယ်တိုင်က အခြားသူတွေသင်ခန်းစာပေးသူတွေမဖြစ်အောင် အစိုးရဌာနဆိုင်ရာက သိရှိထားပြီးဖြစ်တယ်လို့ ကော်မရှင်ဥက္ကဌဦးအောင်ကြည်က ပြောကြားခဲ့တာပါ။

ကော်မရှင်ရဲ့ရန်ကုန်ရုံးခွဲကိုတော့ ဗဟန်းမြို့ရွှေတောင်ကြားလမ်း အမှတ် ၆၂ မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အဂတိလိုက်စားမှူတိုက်ဖျက်ရေးကော်မရှင်က နေပြည်တော်မှာအခြေတည်တာဖြစ်ပြီးတော့ ယမန်နှစ်က အကြီးမားဆုံးအရေးယူမှူအနေနဲ့ FDA ညွန်ချုပ်၊ရန်ကုန်တိုင်းတရားရုံး ဥပဒေချုပ် ဦးဟန်ထူးတို့ကိုအရေးယူခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှာ တနသာၤရီတိုင်းဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်ကို ဥပဒေနဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က