ရန်ကုန်ကသေဆုံးသူ(၆၀)ဦးထိရှိနေပါပြီ။

ရာသီတုပ်ကွေးH1N1 ရောဂါဟာ ရန်ကုန်မှာ အများဆုံးဖြစ်ပွားနေပြီး တစ်နိုင်ငံလုံးဖြစ်ပွားသူ (၄၀၆)ဦးမှာ ရန်ကုန်က (၂၁၂)ဦး ပါဝင်နေပါတယ်။

photo- Myanmar CDC



ရန်ကုန်တိုင်းဒေသကြီးမှာ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးမှုအများဆုံးဖြစ်နေပြီး ဒီနေ့ ဇူလိုင်လ (၂၇)ရက်နေ့မှာပဲ (၃)ဦးထပ်မံသေဆုံးခဲ့ပါတယ်။ မနေ့က ဇူလိုင်(၂၆)ရက်နေ့ထိကို ရန်ကုန်တိုင်းမှာ သေဆုံးသူ (၅၇)ဦးရှိကာ ၊ ဒီနေ့မှာတော့ သေဆုံးသူ (၆၀)ဦးထိရှိလာကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့တာပါ။တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ (၇၈)ဦးထိရှိနေပါပြီ။

ရန်ကုန်မှာက အများဆုံးသေဆုံးနေတာဖြစ်ပြီး ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူဦးရေမှာ (၂၁၂)ဦးထိရှိနေပါတယ်။ ဖြစ်ပွားသူအရေအတွက် များပြားနေသလို နေ့အလိုက်သေဆုံးမှုတွေရှိနေတာကလည်း ရန်ကုန်တိုင်းဒေသကြီးကဖြစ်နေပါတယ်။ အများဆုံးဖြစ်ပွားပြီး သေဆုံးနေတဲ့ မြို့နယ်တွေကတော့ ဒဂုံမြို့သစ်( တောင်ပိုင်း)၊ လှိုင်သာယာ၊ သင်္ကန်းကျွန်း၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံမြို့နယ်တို့ပဲဖြစ်ပါတယ်။



photo- Myanmar CDC

တစ်နိုင်ငံလုံးမှာတော့ ဖြစ်ပွားသူ (၄၀၆)ဦးရှိနေပါတယ်။ ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ပူးပေါင်းပြီး အသိပညာပေးမှုတွေ၊ ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်တွေဆောင်ရွက်နေပေမယ့်လည်း သေဆုံးသူတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က