ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့တော်ကို သန့်ရှင်းလှပပြီး စည်းကမ်းဥပဒေနဲ့ ကိုက်ညီတဲ့ မြို့တော်ဖြစ်ဖို့အတွက် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒုတိယ (၁)နှစ်တာဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ





လက်ရှိတော့ ဥပဒေမလိုက်နာရင် ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြဌာန်းချက်တွေပါဝင်တဲ့ ရန်ကုန် စည်ပင်ဥပဒေသစ်ကိုလည်း လာမယ့် အောက်တိုဘာမှာ ထိထိဆောင်ရွက်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

“မြို့တော်ကြီးဟာ တကယ်ကို သန့်ရှင်းလှပပြီး စည်းကမ်းကိုက်ညီတဲ့မြို့တော်ဖြစ်ဖို့ ၂၀၁၈ ခုနှစ်အတွင်း ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပဒေပြဌာန်းချက်တွေပါဝင်တဲ့ YCDC ဥပဒေအသစ်ကိုလည်း ပြဌာန်းထားပြီးပါပြီ။ အောက်တိုဘာလထဲမှာ ထိထိရောက်ရောက်ဆောင်ရွက်တော့မယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

လက်ရှိတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအသစ်ကို လူထုတွေကြားထဲအသိပေးတာတွေ လုပ်ပြီး ပြည်သူတွေအနေနဲ့  သိရှိလိုက်နာဖို့လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ



YCDC ဥပဒေအသစ်ရ တရားဝင်ခွင့်ပြုချက်မရှိဘဲ စားသောက်ဆိုင်၊ ဈေးဆိုင်ဖွင့်တာမျိုးမလုပ်ဖို့ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကိုလည်း ဥပဒေလမ်းကြောင်းအရ အရေးယူအပြစ်ပေးတာ၊ပိတ်သိမ်းတာတွေလုပ်ဖို့ ပြဌာန်းထားပြီးဖြစ်တယ်လို့သိရပါတယ်။

လမ်းဘေးမှာ ဖြစ်သလိုကားရပ်ထားတာတွေ၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းချိုးဖောက်မှုတွေကို ဥပဒေသစ်အရ ထိထိရောက်ရောက်အရေးယူမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က