ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် အဆင့်မြှင့်တယ်မယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

ရန်ကုန်ဘူတာကြီးမှာ ခရီးသည်ထံကနေ ခြိမ်းခြောက်ငွေတောင်းခံမှု ဖြစ်ပြီးနောက် ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် အဆင့်မြှင့်တင်တာတွေလုပ်သွားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။



မြန်မာ့မီးရထား အထွေထွေမန်နေဂျာ(အောက်မြန်မာပြည်) ဦးထွန်းအောင်သင်း

သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်ဘူတာကြီး လုံခြုံရေးနဲ့ ခရီးသွားတွေအတွက် ဝန်ဆောင်မှုတွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ မီးရထားတာဝန်ရှိသူတွေက ပြောကြားလိုက်တာပါ။

လက်ရှိတော့ တရားမဝင်လုပ်ကိုင်တဲ့ ကုန်တင်ကုန်ချသမားတွေကို စိစစ်ပြီး ရဲစခန်းကို အပ်နှံမယ်လို့ မြန်မာ့မီးရထား မှအထွေထွေမန်နေဂျာ(အောက်မြန်မာပြည်) မှ ဦးထွန်းအောင်သင်းက ပြောပါတယ်။

“စာရင်းသွင်းထားတဲ့ ပြည်တွင်းကုန်တင်ကုန်ချအလုပ်သမားတွေကို စီစစ်မယ်။ မပါတဲ့သူတွေကို စီစစ်ပြီး ရဲစခန်းကို အပ်မယ်။ သူတို့သည် ခိုးဆိုးနှိုက်တာ၊ရမ်းကားနေမယ်ဆိုရင် ရဲ လုပ်ထုံးအရ ဘူတာပရုဝုဏ်ကို သုံးလဖြစ်စေ၊ ခြောက်လဖြစ်စေ မလာရဆိုပြီး ခြေချုပ်နဲ့ခံဝန်လုပ်လို့ရတယ်” လို့ မြန်မာ့မီးရထား မှအထွေထွေမန်နေဂျာ(အောက်မြန်မာပြည်) မှ ဦးထွန်းအောင်သင်းက ပြောပါတယ်။

ခရီးသည်လုံခြုံရေးအတွက် စင်္ကြန်တွေအလိုက် ပစ္စည်းသယ်ယူခနှုန်းထားတွေ၊ တွန်းလှည်းဌားရမ်းခနှုန်းထားတွေကို ဗီနိုင်းတွေနဲ့ ကြေငြာပေးတာ၊ စာရင်းသွင်းထားတဲ့ ကုန်တင်ကုန်ချအလုပ်သမားတွေကို စီစစ်ပြီးရောင်ပြန်နဲ့ နံပတ်အမှတ်သားတွေပါတဲ့ အကျီတွေ ဝတ်ဆင်ခိုင်းတာ၊ ခရီးသည်တွေအတွက် ပစ္စည်းသယ်ယူဖို့ လက်တွန်းလှည်းတွေကို စီစဉ်ပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်ဘူတာကြီးမှာ အမျိုးသမီးနှစ်ဦးဆီကနေ ကုန်တင်ကုန်ချအလုပ်သမားတွေက ပစ္စည်းသယ်ခ အဆမတန်ငွေကြေးတောင်းခံခဲ့တဲ့အကြောင်း လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပြီးတဲ့နောက် အလုပ်သမား ၆ ဦးကို အရေးယူခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က