• ဆန်းချက်ဇ်ရဲ့ သွင်းဂိုးနဲ့ အီကွေဒေါကို အနိုင်ယူပြီး ကွာတားတက်ခဲ့တဲ့ ချီလီ

ဆန်းချက်ဇ်က နှစ်ပွဲဆက်တိုက် ဂိုးသွင်းယူပြီးပါပြီ။

ဒီနိုင်ပွဲကြောင့် ချီလီဟာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပြီးတော့ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးနဲ့ အုပ်စုပထမနေရာအဆုံးအဖြတ်အတွက်သာ ကစားရတော့မှာ ဖြစ်ပါတယ်။


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ အီကွေဒေါ နဲ့ ချီလီတို့ရဲ့ ကိုပါအမေရိကဖလားပွဲစဉ်မှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ကြည့်ကောင်းခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ နိုင်ပွဲရဖို့အတွက် လိုအပ်နေတဲ့ အီကွေဒေါနဲ့ ဒီပွဲကို နိုင်ခဲ့ရင် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မယ့် လက်ရှိချန်ပီယံချီလီတို့က နိုင်ပွဲရဖို့ အားထုတ်ခဲ့လို့ ပြစ်ဒဏ်ကျူးလွန်မှုအများအပြားဖြစ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

image

နှစ်သင်းစလုံးမှာ အဓိကကစားသမားတွေ အစုံအလင်ပါဝင်ခဲ့ပြီးကစားခဲ့ကြပါတယ်။ ပွဲစပြီး(၈)မိနစ်အကြာမှာပဲ ချီလီတို့ အဖွင့်ဂိုးရရှိခဲ့ပြီး ညာတောင်ပံကစားသမား ဟိုဆေးဖူဇာလီဒါက သွင်းယူပေးသွားခဲ့ပါတယ်။ ခြေစွမ်းပိုင်းချင်း ကွာဟမှု နည်းပါးခဲ့ပေမယ့်လည်း ပွဲကို အဆုံးအဖြတ်ပေးနိုင်ခဲ့အရည်အသွေးပိုင်းမှာ ချီလီကစားသမားတွေက ပိုမိုသာလွန်ခဲ့ပါတယ်။

ချီလီရဲ့ ဦးဆောင်ဂိုးကို (၂၆)မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ အီကွေဒေါတိုက်စစ်မှူး အန်နာဗလန်စီယာက ပြန်ချေပသွားခဲ့ပါတယ်။ ဒီနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲကတော့ ပယ်နယ်တီသွင်းဂိုးတွေနဲ့ ဝေဆာနေခဲ့ပြီး ပွဲစဉ်တိုင်းလိုလိုမှာ ပယ်နယ်တီကန်သွင်းခွင့်တွေရရှီနေတာတွေ့ရပြီး ပယ်နယ်တီသွင်းဂိုး စံချိန်တင်မယ့် ပြိုင်ပွဲလို့တောင် ဆိုရပါမယ်။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျခဲ့ပြီး ဒုတိယပိုင်းပြန်လည်စတင်ပြီးနောက် (၆)မိနစ်အကြာမှာပဲ ဆန်းချက်ဇ်က ချီလီအတွက် ဦးဆောင်ဂိုးကို ညာတောင်ပံဘက်ကနေ ချားလက်စ်အာရန်ဂွက်ဇ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဆန်းချက်ဇ်က ဂိုးဧရိယာထဲမှာ ညာခြေနဲ့ ကန်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်အတွက် အုပ်စုတွင်းနှစ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြကစားပေးနေတာလည်း ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ချီလီဟာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပြီးတော့ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးနဲ့ အုပ်စုပထမနေရာအဆုံးအဖြတ်အတွက်သာ ကစားရတော့မှာ ဖြစ်ပါတယ်။ အီကွေဒေါကတော့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ကုန်ဆုံးသလောက် ဖြစ်သွားခဲ့ပြီး နောက်ဆုံးပွဲမှာ ဂျပန်ကို အနိုင်ရခဲ့ရင်တောင် အခြားအုပ်စုက ပြိုင်ဘက်တွေရဲ့ အနေအထားကို စောင့်ကြည့်ပြီးမှ အကောင်းဆုံးတတိယနေရာရမရ သိခွင့်ရရှိမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က