ကလေးတွေအတွက် အရုပ်တွေလည်း လှူခဲ့တာ တွေ့ရပါတယ်။

အလှူအတန်းတွေ မရပ်မနားဆောင်ရွက်နေတဲ့ ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ သန်လျှင်မြို့နယ်မှာရှိတဲ့ စားနပ်ရိက္ခာအခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက် ဆန် နဲ့ ဆီ စားသောက်ကုန်တွေ လှူခဲ့တာဖြစ်ပါတယ်။ 

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ သန်လျှင်မြို့နယ်ရှိ စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတဲ့ အိမ်ခြေ(၃၀၀) အတွက် ဆန်၊ ဆီ၊ အာလူး၊ ခေါက်ဆွဲခြောက်ထုတ်တွေ လှူခဲ့ပါတယ်။ အဲဒီနောက် ကလေးငယ်တွေ အတွက် အရုပ်လေးတွေလည်း လက်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ ဒီအလှူနဲ့ ပတ်သက်ပြီး သူ့ရင်ထဲက ပီတိစကားတွေကို Duwun Media ကနေ ပြောပြလာပါတယ်။ 



" အရင်တုန်းက လူဦးရေ(၂၀၀) အတွက်က လှူထားပြီးသားပါ။ ဒီနေ့( မေလ ၁၄ ရက်) အလှူက လူ(၁၀၀) စာ ထပ်လှူတာ။ ဒီတစ်ခေါက်လှူတာကျတော့ ကလေးတွေ အတွက်ကို အဓိက ထားပြီး လှူဖြစ်တာပါ။ လှိုင်သာယာ မှာ သွားလှူရင်း ကလေးတွေအတွက် လှူဖို့ အိုင်ဒီယာ ရသွားတာပါ။ လူကြီးတွေကလည်း စားနပ်ရိက္ခာလှူတယ်ဆိုတော့ လာတဲ့ဇောနဲ့ ကလေးတွေကို ချီလာရတယ်။ ကလေးတွေကလည်း နေပူကြီးထဲမှာ ဘာမှန်းမသိလိုက်လာရတယ်ပေါ့။ ဒါကြောင့် လူကြီးတွေရော ကလေးတွေကိုရော ပျော်စေချင်တဲ့ စိတ်နဲ့ အရုပ်လေးတွေ စုပြီး ပေးဖြစ်တာပါ" လို့ မေလ (၁၄) ရက်နေ့က အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ခိုင်နှင်းဝေကတော့ COVID-19 ကာလမှာ စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေ အတွက်ကိုလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် တောင်ဒဂုံ မြို့နယ် အတွင်းမှာရှိတဲ့ စားနပ်ရိက္ခာအခက်အခဲရှိနေတဲ့ ရပ်ကွက်ပေါင်း(၂၄) ရပ်ကွက်က အိမ်ခြေ (၂၄၀၀) ကျော်အတွက် ဆန်၊ ဆီနဲ့ ကြက်သွန်များ လှူဒါန်းခဲ့ပါသေးတယ်။ 

ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များစွာကိုလည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ၊ အလုပ်တွေ မလုပ်ရလို့ မိသားစုဝမ်းစာအတွက်အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုလည်း ရင်းနှီးမြုပ်နှံဖို့အတွက် ငွေကြေးအင်အား နဲ့ ကူညီခဲ့တာကိုလည်း တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က