• notch display နဲ့ ထွက်လာဖို့ ရှိတဲ့ ၁၄.၆ လက်မ Ultra မော်ဒယ် Samsung တက်ဘလက်

Specs တွေကတော့ လန့်လောက်စရာပါ

Galaxy Tab S8 စီးရီးသစ်မှာ ပထမဆုံးအကြိမ်အဖြစ် Flagship တန်း Ultra မော်ဒယ် ပါမယ်လို့ သတင်းတွေ ထွက်နေပါတယ်။


ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကြေညာသွားဖို့ရှိတဲ့ Samsung Galaxy Tab S8 စီးရီးထဲက Galaxy Tab S8 နဲ့ Tab S8 Plus အပြင် Flagship Ultra မော်ဒယ်ဆိုပြီး ထွက်လာမယ်လို့ WinFututre က ဖော်ပြပါတယ်။ WinFuture က ရထားတဲ့ အချက်အလက်တွေထဲမှာ Ultra မော်ဒယ်ရဲ့ အချက်အလက်နဲ့ တရားဝင်ဓါတ်ပုံတချို့လည်း ပါတယ်လို့ ဆိုပါတယ်။ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ Samsung Galaxy Tab S8 Ultra ဟာ အန်းဒရိုက်တက်ဘလက်တွေထဲမှာ အမြင့်ဆုံးနဲ့ စွမ်း‌ဆောင်ရည်အကောင်းဆုံး ထုတ်ကုန်ဖြစ်လာဖို့ ရှိပါတယ်။ 

image

Photo: The Verge


Galaxy Tab S8 နဲ့ S8 Plus တို့မှာ ဘောင်ပါးပါးနဲ့ notch မပါတဲ့ ရိုးရိုး Display ဒီဇိုင်းကို သုံးလာနိုင်ပြီး Ultra မော်ဒယ်မှာ ဘေးဘောင် notch အသေးတစ်ခု ပါလာမယ်လို့ ဆိုပါတယ်။ WinFuture အချက်အလက်တွေအရ Galaxy Tab S8 Ultra ဟာ ၁၄.၆ လက်မ Super AMOLED display သုံးလာပြီး 2960 x 1848px ရုပ်ထွက်နဲ့ လာမယ်လို့ ဖော်ပြပါတယ်။ Display Refresh Rate 120Hz အထိ ပါရှိပြီး S-Pen Support ပေးလာမှာပါ။

ဘေးဘောင် notch ထဲမှာ 12MP ကင်မရာနှစ်လုံး တပ်ဆင်သွားဖို့ ရှိပြီး အမြင့်ဆုံးမော်ဒယ်မှာ RAM 16GB/512GB Storage အထိ ထွက်လာနိုင်ပါတယ်။ Storage ကလည်း ထပ်တိုးနိုင်အောင် Support ပေးထားမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေသာ တကယ်မှန်မယ်ဆိုရင်တော့ Galaxy Tab S8 Ultra မော်ဒယ်ဟာ လက်ရှိ တက်ဘလက်လောကရဲ့ အမြင့်ဆုံးစံကို ကျော်လွန်သွားပြီလို့ ဆိုရမှာပါ။ 

အသစ်ထွက်လာမယ့် Galaxy Tab S8 မော်ဒယ်တွေဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Flagship Processor သစ် Snapdragon 8 Gen 1 Chip နဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်။ ကျောဘက်မှာ 13MP + 6MP Ultrawide ဆိုပြီး နှစ်လုံးတွဲကင်မရာ ၊ Dolby Atmos နည်းပညာ Quad Speakers နဲ့ 5G ချိတ်ဆက်မှုစွမ်းရည်တို့လည်း ပါဝင်လာဖို့ ရှိပါတယ်။ တက်ဘလက် ၃ ခုအကြား အဓိက ခြားနားချက်ဟာ Screens ၊ Memory နဲ့ Storage ဖြစ်မယ်လို့ ဆိုပါတယ်။ 


Photo: GSMArena


Tab S8+ ဟာ ၁၂.၇ လက်မ 120Hz AMOLED Display နဲ့လာပြီး 2800 x 1752px ရုပ်ထွက် နဲ့ လာဖို့ ရှိပါတယ်။ ရှေ့ဘက် 12MP ကင်မရာ နဲ့ RAM 8GB/256GB storage ဗားရှင်း ထွက်လာဖို့ ရှိပါတယ်။ Galaxy Tab S8 ကိုတော့ ၁၁ လက်မဆိုဒ် 120Hz 2560 x 1600px LCD Display အမျိုးအစား သုံးလာနိုင်ပါတယ်။ တခြား Features တွေကတော့ mid-tier မော်ဒယ်ဖြစ်တဲ့ Galaxy Tab S8+ နဲ့ အတူတူ ဖြစ်ဖို့ များပါတယ်။ 

Galaxy Tab S8 စီးရီးရဲ့ ဖြစ်နိုင်ခြေ ဈေးနှုန်းတွေတော့ ထွက်လာခြင်း မရှိသေးပါဘူး။ WinFuture ကတော့ Galaxy Tab S8 Lineup ကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကြေညာသွားမယ်လို့ ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က