ကီပါအနေနဲ့ လူစားလဲခဲ့ပေမယ့် မထွက်ပဲ ဆက်ကစားခဲ့တာပါ။

ကွင်းအတွင်းမှာ အခြေအနေအရ ဖြစ်စဉ်တစ်ခုကို သေချာရှင်းပြဖို့ မလွယ်တာ ပုံမှန်ပါပဲလို့ လုဇ်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းဂိုးသမား ကီပါအနေနဲ့ နည်းပြက လူစားလဲခဲ့ပေမယ့် မထွက်ပဲ ဆက်ကစားခဲ့ပါတယ်။ ပင်နယ်တီကန်သွင်းမယ့်အချိန်မှာ နည်းပြဆာရီက ကီပါကို အရန်ဂိုးသမား ကာဘယ်လာရိုနဲ့လူစားလဲခဲ့ပေမယ့် ကီပါကတော့ ထွက်ခွာခြင်းမရှိပဲ ဆက်လက်ကစားခဲ့တာကြောင့် နည်းပြဆာရီ ဒေါသထွက်ပေါက်ကွဲခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်အပေါ် အသင်းရဲ့ ဝါရင့်နောက်ခံလူ ဒေးဗစ်လုဇ်က လူငယ်ဂိုးသမား ကီပါအနေနဲ့ နည်းပြဆာရီရဲ့ ဆုံး ဖြတ်ချက်အပေါ် လေးစားမှု ရှိသင့်တယ်လို့ သုံးသပ်ခဲ့တယ်လို့ 90 MIN ကဖော်ပြပါတယ်။

“ လူစားလဲရတဲ့ အကြောင်းရင်းမှန်ကိုတော့ ကျွန်တော်မသိပါဘူး၊ ဒါပေမယ့် နည်းပြက သူ့မှာ ဒဏ်ရာရနေလား မရနေလား သေချာမသိနိုင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်သိတာကတော့ ကီပါက ကွင်းအတွင်းမှာ အခြေအနေ ကောင်းပါတယ်။ကွင်းထဲမှာတော့ အခြေအနေတစ်ခုအရ အကြောင်းအရာတစ်ခုကို သေချာ ရှင်းပြနိုင်ဖို့ ခက်ပါတယ်။ဒါကြောင့် ဒီအခြေအနေက ပုံမှန်ပါပဲ။ဒါပေမယ့် သူ့ကိုတော့ ကျွန်တော် ပြောခဲ့ပါတယ်။ဘာ ဖြစ်ဖြစ်နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ်မှာတော့ လေးစားမှု ရှိပါလို့ ။” ဆိုပြီး လုဇ်က 90 MIN ကို ပြောခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ အဆိုပါပွဲမှာ ကီပါကိုသာ ဆက်လက်အသုံးပြုခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်ကန်သွင်း ရာမှာတော့ ကီပါက ပင်နယ်တီ တစ်လုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းဖော်တွေ ဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ လုဇ်တို့ ဂိုးမဝင်ခဲ့လို့ ချဲလ်ဆီးအသင်းဟာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ နည်းပြဆာရီကတော့ အခုလို ဖြစ်စဉ်အတွက် ကီပါကို အရန်ခုံပို့သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် တစ်ပတ် စာလခကိုတော့ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က