တစ်စက္ကန့်ကို ၅၀ ဖရိန်ထွက်ရှိတဲ့ ဗီဒီယိုတွေအသုံးပြုနေတာကြောင့် လူကျွံအနေအထား စောင့်ကြည့်ရာမှာ အခက်အခဲတွေ ရှိနေသေးတယ်လို့ ဒိုင်တွေက ဝန်ခံလာခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒိုင်လူကြီးတွေက ဒီနှစ်မှာစတင်ကျင့်သုံးနေတဲ့ ဗီဒီယို စောင့်ကြည့် စနစ် (VAR)နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဝန်ခံခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
EPL မှာ အသုံးပြုနေတဲ့ VAR စနစ်အတွက် တစ်စက္ကန့်ကို ၅၀ဖရိန် ပါရှိတဲ့ ဗီဒီယို ကင်မရာတွေအသုံးပြုခဲ့ပေ မယ့်လည်း လူကျွံအနေအထားစောင်ကြည့်ရာမှာအခက်အခဲတွေ ရှိနေသေးတယ်လို့ ထုတ်ဖော်ပြောလာခဲ့တာ ပါ။

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ မန်စီးတီး တိုက်စစ်မှူး စတားလင်းအနေနဲ့ ၂.၄ စင်တီမီတာ လူကျွံနေခဲ့တယ်လို့ ဆိုပါ တယ်။ဒါပေမယ့် စတားလင်းအနေနဲ့ အရမ်းမြန်မြန်ပြေးခဲ့တဲ့အတွက် ဗီဒီယို ဖရိန်ထဲမှာ ၁၃စင်တီမီတာအထိ ရှိ နေခဲ့တာကြောင့် လူကျွံဘောဖမ်းရာမှာ အခက်တွေ့ခဲ့တယ်လို့ သိရပါတယ်။
“ ဒီလိုလူကျွံဘော အနေအထားတွေမှာ လူတွေက မကောင်းဘူးလို့ ပြောပါလိမ့်မယ်၊ ကျွန်တော်တို့မှာ ရှိတဲ့ စက်ပစ္စည်းတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဘယ်လို ရုပ်သံလွှင့်စက်တွေ သုံးနေလဲဆိုတာလည်း သက်ဆိုုင်ပါ တယ်။ ကျွန်တောို့ ဒိုင်တွေ လုပ်နိုင်တာကတော့ နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ဆုံးဖြတ်ချက်ချပေးနိုင်တာပါပဲ၊ ဒါ ကြောင့် ပိုကောင်းတဲ့ ဖရိန်အချိုးတွေနဲ့ စက်ပစ္စည်းတွေရှိရင် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါမယ်။” လို့ VAR အဖွဲ့ရဲ့ ခေါင်းဆောင် ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း နေးလ်ဆွာဘရစ်က BBC Leicester ကို ပြောပါ တယ်။
ပရီးမီးယားလိဂ်မှာ VAR စနစ်ကို တွင်တွင်ကျယ်ကျယ် ပွဲတိုင်း အသုံးပြုခြင်းကို ဒီနှစ်မှာမှ စတင်ခဲ့တာဖြစ်ပြီး ယခင် နှစ်တွေက ရှုံးထွက်ပွဲတစ်ပွဲ နှစ်ပွဲလောက်သာ အသုံးပြုခဲ့တာပါ။
ဒါကြောင့်လည်း ကမ္ဘာ့ဖလားလို VAR စနစ် တွင်တွင်ကျယ်ကျယ်အသုံးပြုတဲ့ ပြိုင်ပွဲမျိုးမှာအင်္ဂလန်ဒိုင်တွေ တာဝန်ပေးခြင်း အနည်းငယ်သာရှိခဲ့ပြီး အရေးကြီးပွဲတွေကို တာဝန်ယူရခြင်း မရှိခဲ့ပါဘူး။
ဒီနှစ် လိဂ်မှာစတင်အသုံးပြုချိန်မှာလည်း နည်းပညာထောက်ပံ့မှုအရ တစ်စက္ကန့်ကို ၅၀ ဖရိန်သာ ထွက်ရှိတဲ့ ဗီဒီယိုတွေကြောင့် လူကျွံဆုံးဖြတ်ရတာ ခက်ခဲမှုတွေ ရှိနေတယ်လို့ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။