အနှေးနဲ့အမြန် နည်းပြဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တာပါ။

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ အာတီတာဟာ ၎င်းအတိုင်းပဲ မန်ချက်စတာစီးတီးနည်းပြအဖြစ် အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း Sportskeeda ရဲ့သတင်းအရ သိရပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းမှာ အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။

အာတီတာဟာ မန်ချက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ဂွါဒီယိုလာက လက်ထောက်နည်းပြ အာတီတာဟာ ၎င်းရဲ့နေရာမှာ အစားထိုးနိုင်မယ့်သူဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော့်လိုပဲ အောင်မြင်မယ်ဆိုတာ လုံးဝကို သေချာပါတယ်။ သူ အောင်မြင်ပါလိမ့်မယ်”



“အနှေးနဲ့အမြန် အဲဒါက ဖြစ်လာမှာပါ(အာတီတာ နည်းပြဖြစ်လာမှာကိုဆိုလို)။ သူက ငယ်ရွယ်တဲ့ နည်းပြတစ်ယောက်ပါ။ သူ့မှာ ကြီးမားတဲ့ကစားသမားတွေနဲ့ ကြီးမားတဲ့အသင်းတွေကို ကိုင်တွယ်ဖို့အတွက် အတွေ့အကြုံရှိပြီးသားပါ”

“သူ့မှာ မယုံကြည်နိုင်ဖွယ်အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်ရှိပါတယ်။ သူ့မှာ ပြဿနာကို လေ့လာဆန်းစစ်ပြီး ဖြေရှင်းနည်းကို ရှာဖွေနိုင်တဲ့ ထူးခြားတဲ့ပါရမီလည်းရှိပါတယ်။ သူ ဘာတွေကို ယုံကြည်လဲ၊ ဘာတွေ ခံစားနေရလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စကားတွေအများကြီးပြောခဲ့ပါတယ်”လို့ ဗြိတိန်မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က