ပွန်ချက်တီနိုကိုတော့ စပါးအသင်းက ဆောက်သမ်တန်အသင်းကနေ ၂၀၁၄ခုနှစ်မှာ ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိမှာ စပါးအတွက် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်လျက်ရှိနေပါတယ်။
နည်းပြဘ၀ ပထမဆုံးအကြိမ် ထုတ်ခံရမယ့်အခြေအနေအပေါ်စိုးရိမ်စိတ်များနေပြီး ကြောက်နေမိတယ်လို့ စပါး နည်းပြ ပွန်ချက်တီနိုက ဝန်ခံလာတဲ့အကြောင်း Mirror သတင်းဌာနကဖော်ပြလာပါတယ်။
ဒီစကားကိုတော့ နောက်ဆုံးကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့တာလည်း ဖြစ်ပြီး စပါးအသင်း အနေနဲ့ ဒီရာသီ ၁၂ ပွဲမီာ ၃ ပွဲသာ နိုင်ထားပါတယ်။
လာမယ့် အင်္ဂါနေ့မှာတော့ ရက်စတားဘဲလ်ဂရိတ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲနွှဲဖို့ ကြုံနေပြီး ဒီပွဲကတော့ စပါး အတွက် နိုင်ပွဲ ပြန်ရှာတွေ့နိုင်ဖို့ အခွင့်အရေး များနေပါတယ်။
“ ကျွန်တော်တို့ ကစားပုံနဲ့ရလဒ်မကောင်းဘူး၊ဘယ်လိုရလဒ်တွေပဲ ထွက်ပေါ်နေပါစေ ဒါက ဘောလုံးပဲ ဖြစ်ပါတယ်။စီးပွားရေးကိုတော့ ကျွန်တော်လည်း ၄၇ နှစ်ရှိပါပြီ။ကောင်းစွာ နားလည်ပါတယ်။ ဒီအချိန်မှာ ခင်ဗျားတို့ကျွန်တော့်မှာ ဘာလို့ ဆံပင်ဖြူရှိမနေလဲသိချင်နေပါလိမ့်မယ်။ ဒါကတောာ့ကျွန်တော်က ဘယ်အတွက်မှ စိတ်ဖိအားမခံယူပါဘူး။ကျွန်တော်ကတော့ အသင်းရဲ့ ကစားပုံနဲ့ ရလဒ်တွေ ကောင်းဖို့ပဲ စိတ်ထဲ ထားပါတယ်။” လို့ ပွန်ချက်တီနိုကပြောခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပွန်ချက်တီနိုကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲမက်ရစ်တို့က အပြိုင်ချိတ်ဆက်နေကြပြီး ဒီ အပေါ်မှာတော့ ပွန်ချက်တီနိုက - “ နည်းပြတွေက အမြဲတမ်း အနိုင်ရဖို့လိုပါတယ်။ လူတိုင်းကပြောတတ်တယ် မင်းအများကြီးတွေးမိနေပြီ။မဟုတ်ဘူး ဒီနေ့မှာ မတွေးရင် မနက်ဖြန်ကို ရင်ဆိုင်ဖို့ အဆင်ပြေမှာမဟုတ်ဘူး။ ဘောလုံးမှာ မနေ့က ဘာဖြစ်ခဲ့လဲ မသိချင်ကြတော့ဘူး။မနက်ဖြန် ဘာဖြစ်မလဲပဲ စိတ်ဝင်စားကြတာပါ။” လို့ ပြောခဲ့ပါသေးတယ်။
စပါးအသင်းကတော့ လက်ရှိအချိန်မှာ ရမှတ်တွေ ဆုံးရှုံးမှုနဲ့အတူ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးထက် ၁၀ မှတ်ထိ လျော့နည်းလျက်ရှိနေပါတယ်။