ဗလင်စီယာနဲ့အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့မှာ ယှဉ်ပြိုင်ကစားသွားရမှာပါ။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ ဗလင်စီယာအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မတိုင်မီမှာ ချယ်ဆီးအသင်းရဲ့ပစ်မှတ်ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ယနေ့ညနေခင်းမှာ ဗလင်စီယာအသင်းကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ဂျ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြလမ်းပတ်က ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ရာသီအစမှာ အဆိုးအကောင်းတွေနဲ့ ရောပြွန်းနေခဲ့ပြီး ရာသီအဖွင့်ပွဲစဉ်မှာ ယူနိုက်တက်ကို ၄ ဂိုး ဂိုးမရှိနဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ပထမဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ လက်စတာစီးတီးနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ သရေကျခဲ့ပြီး ပြီးခဲ့တဲ့လက တန်းတက်ရှက်ဖီးအသင်းနဲ့တွေ့ဆုံခဲ့ရာမှာလည်း အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းမရှိပေမယ့် ပြီးခဲ့တဲ့အပတ်က ဝုဗ်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်ခဲ့တာကြောင့် ယခုရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး နည်းပြ ဖရန့်လမ်းပတ်က ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အာရုံစိုက်နေတာဖြစ်ပါတယ်။



“ပစ်မှတ်က အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့လို့ ထင်ပါတယ်။ ခက်ခဲတဲ့အုပ်စုဖြစ်ပေမယ့် ကစားသမားတွေကို ကျွန်တော် အတော်လေးယုံကြည်ထားပါတယ်”

“ချန်ပီယံလိဂ်က အပိုင်း ၂ ပိုင်းနီးပါးရှိပါတယ်။ ခရစ်စမတ်မတိုင်မီ အုပ်စုအဆင့်နဲ့ ရှုံးထွက်အဆင့်အပြီးဆိုပြီးပေ့ါ”

“ကျွန်တော်တို့ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ခက်ခဲမယ်ဆိုတာကို သတိပြုမိပါတယ်။ တကယ်လို့ ခင်ဗျား အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်မယ်ဆိုရင် နောက်တစ်ဆင့်မှာ အခွင့်အရေးရယူနိုင်ပါလိမ့်မယ်”

“ကျွန်တော်တို့ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ဒါပေမယ့် အုပ်စုုရဲ့အန္တရာယ်ကို အပြည့်အဝသတိပြုမိပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က