လီဗာပူးနဲ့ပွဲမှာ ချဲလ်ဆီးအတွက် မေဆန်မောင့် ပြန်ကစားပေးနိုင်ဖို့ရှိလာတာပါ။

အင်္ဂလန်ကွင်းလယ်ကစားသမားအနေနဲ့ ဗလင်စီယာအသင်းကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ  ဒဏ်ရာရရှိခဲ့တာပါ။

ချဲလ်ဆီးအသင်းနဲ့ခြေစွမ်းပြကစားနေနိုင်တဲ့အပြင် အဓိကပွဲထွက်ကစားသမားအဖြစ်ပါ  နေရာရနေတဲ့ မေဆန်မောင့်ဟာ ဗလင်စီယာကွင်းလယ်ကစားသမားကိုကွီလင်နဲ့ထိမိခဲ့တဲ့အတွက် ခြေကျင်း၀ တ်ဒ ဏ် ရာရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာကမဆိုးရွားခဲ့ဘူးလို့ thesun က ဖော်ပြလာပါတယ်။

အခုနှစ်ဘောလုံးရာသီအတွင်း နည်းပြသစ်ဖြစ်လာတဲ့ လမ်းပတ်ရဲ့အခွင့်အရေးပေးမှုနဲ့အတူ ချဲလ်ဆီး  အသင်းအတွက် ပြိုင်ပွဲစုံ ၇ပွဲကစားထားပြီးရာတွင် သွင်းဂိုး ၃ဂိုးအထိသွင်းယူပေးထားခဲ့သူဖြစ်ပြီး အဓိ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ်ရပ်တည်နေခဲ့သူလည်းဖြစ်ပါတယ်။



ချဲလ်ဆီးအသင်းဆေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ မေဆန်မောင့်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကိုဆေး  စစ်မှုခံယူခဲ့ရာတွင် သာမန်အရွတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆိုးရွားတဲ့ဒဏ်ရာမဖြစ်ခဲ့တဲ့အတွက် ကာလရှ  ည်အနားယူရဖို့မရှိဘူးလို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့တာပါ။

မေဆန်မောင့်ကို အခုလိုဒဏ်ရာရရှိခဲ့တဲ့ ကိုကွီလင်ရဲ့ဖျက်ထုတ်မှုကို ဘောလုံးသုံးသပ်သူအများ စုကေ ဝဖန်ခဲ့ကြပြီး ချဲလ်ဆီးပရိသတ်အများစုကလည်း လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် ဝေဖန် နေ ကြတာလည်းဖြစ်ပါတယ်။

လက်ရှိသတင်းထွက်ပေါ်မှုတွေအရ မေဆန်မောင့်အနေနဲ့ ၂ရက်ခန့်အနားယူပြီးပါက ပွဲကစားဖို့အတွ က် အသင့်ဖြစ်လာမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေမှာကစားရမယ့် လီဗာပူးနဲ့ပွဲမှာ အသင်းအတွက်ကစား ပေးနိုင်ခြေရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က