မနေ့ညက ကစားခဲ့တဲ့ ဂျာမနီစူပါဖလားပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရန့်ဖတ်အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို လီဝန်ဒေါစကီး တစ်ဦးတည်းက (၃)ဂိုး သွင်းယူပေးခဲ့ပြီး ကိုးလ်မန်း နဲ့ သီယာဂိုအယ်လ်ကန်တာရာတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

Photo : Goal.com
ဘွန်ဒက်လီဂါ ချန်ပီယံ နဲ့ ဂျာမန်ဖလား ချန်ပီယံတို့ ကစားခဲ့ကြတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ဂိုးပြတ်ချေမှုန်းခဲ့ပြီး ရာသီအကြို ဆုဖလားတစ်လုံးကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်နည်းပြသစ် ကိုဗက်အတွက်လည်း ဘိုင်ယန်မြူးနစ်နဲ့အတူ ပထမဆုံး ဆုဖလားတစ်လုံးကို လှပတဲ့ ရလာဒ်နဲ့အတူ ရယူနိုင်ခဲ့ပါတယ်။
ဆီဗီလာကို အနိုင်ယူပြီး စပိန်စူပါဖလားကို ဆွတ်ခူးခဲ့တဲ့ ဘာစီလိုနာ

Photo : Goal.com
ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖရန့်ဖတ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပိုကယ်ဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ်အသင်း အနိုင်ရရှိအောင် ကိုဗက်က စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဖရန့်ဖတ်အသင်းအတွက် အံ့ဖွယ်နိုင်ပွဲကို ကိုဗက်က ရယူပေးနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ဖို့ အသင်းပြောင်းရွှေ့ခဲ့ပါတယ်။
Photo : Goal.com
ကိုဗက်အတွက်တော့ (၃)လတာ ကာလအတွင်းမှာ မတူညီတဲ့ အသင်းနှစ်သင်းနဲ့အတူ ဆုဖလား (၂)လုံး ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းသစ် နဲ့ အသင်းဟောင်းတို့ကို ပြန်လည်အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။ ဂျာမန်စူပါဖလား ဆွတ်ခူးအပြီးမှာတော့ ကိုဗက်က တိုက်စစ်မှူးလီဝန်ဒေါစကီးကို ချီးကျူးပြောဆိုခဲ့သလို နည်းပြဟောင်း ဟေးနပ်က်ကိုလည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
Photo : Goal.com
"ရောဘတ်အကြောင်းတော့ ပြောစရာမလိုတော့ပါဘူး၊ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးဆိုတာ ဒီနေ့ သက်သေပြခဲ့ပြီးပါပြီ၊ ခိုင်မာတောင့်တင်းတဲ့ အသင်းတစ်သင်းကို ထားခဲ့ပေးတဲ့အတွက် ဂျက်ဟေးနပ်က်ကို ကျေးဇူးတင်ပါတယ်၊ ဒီကစားသမားတွေနဲ့အတူ အလုပ်လုပ်ရတာ ပျော်ရွှင်စရာကောင်းပြီး အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်" လို့ ကိုဗက်က ပြောသွားခဲ့ပါတယ်။