သြဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း ဖုန်းဘေလ်ဖြည့်တဲ့ Ooredoo အသုံးပြုသူတွေအနေနဲ့ ကိုယ်ငွေဖြည့်တဲ့ ပမာဏအလိုက် ဖုန်းဘေလ်အပိုလက်ဆောင်တွေ ရရှိမှာ ဖြစ်ပါတယ်။
Sponsored bylogo


 

မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး မိုဘိုင်းလ်အော်ပရေတာတွေထဲက တစ်ခုဖြစ်တဲ့ Ooredoo ကနေပြီး သြဂုတ်လ ပထမပတ်အတွင်း ဖုန်းဘေလ်ဖြည့်ရင် ဖုန်းဘေလ်အပိုရမယ့် Top Up Bonus ပရိုမိုးရှင်းတစ်ခု ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း ဖုန်းဘေလ်ဖြည့်တဲ့ Ooredoo အသုံးပြုသူတွေအနေနဲ့ ကိုယ်ငွေဖြည့်တဲ့ ပမာဏအလိုက် ဖုန်းဘေလ်အပိုလက်ဆောင်တွေ ရရှိမှာ ဖြစ်ပါတယ်။ Ooredoo အသုံးပြုသူတွေအနေနဲ့ အပိုရလာတဲ့ Bonus ကို Ooredoo နံပါတ်တွေကို ဖုန်းခေါ်ဆိုတာ၊ မက်ဆေ့ချ်ပို့တာ၊ Video Call ခေါ်တာတွေနဲ့ PAYG အင်တာနက်ဒေတာတို့ အတွက်အသုံးပြုနိုင်မှာပါ။

သြဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်းငွေဖြည့်သူတိုင်း ဖုန်းဘေလ်အပိုလက်ဆောင်ရရှိမှာဖြစ်ပြီး Easy Topup နဲ့ငွေဖြည့်ရင် ဖုန်းငွေဖြည့်ကဒ်နံပါတ်နဲ့ဖြည့်တာထက် Bonus ပိုများများရမယ်လို့လည်း သိရပါတယ်။

 

ဖုန်းငွေဖြည့်ကဒ်နဲ့ဖြည့်ရင် ဖြည့်သွင်းတဲ့ပမာဏအလိုက်ရရှိမယ့် ဖုန်းဘေလ်အပိုလက်ဆောင်တွေက ၁၀၀၀ ကျပ် ကနေ ၂၉၉၉ ကျပ်အတွင်း ဖြည့်ရင် Bonus ၁၀ ရာခိုင်နှုန်း၊ ၃၀၀၀ ကျပ်ကနေ ၄၉၉၉ ကျပ်အတွင်းဖြည့်ရင် Bonus ၁၅ ရာခိုင်နှုန်း၊ ၅၀၀၀ ကျပ်ကနေ ၉၉၉၉ ကျပ်အတွင်းဖြည့်ရင် Bonus ၂၅ ရာခိုင်နှုန်း၊ ၁၀၀၀၀ ကျပ်နဲ့အထက် ဖြည့်ရင်တော့ Bonus ၄၀ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

Easy Topup နဲ့ဖြည့်ရင်ရရှိမယ့် ဖုန်းဘေလ်အပိုလက်ဆောင်တွေကတော့ ၁၀၀၀ ကျပ် ကနေ ၂၉၉၉ ကျပ်အတွင်း ဖြည့်ရင် Bonus ၁၅ ရာခိုင်နှုန်း၊ ၃၀၀၀ ကျပ်ကနေ ၄၉၉၉ ကျပ်အတွင်းဖြည့်ရင် Bonus ၂၅ ရာခိုင်နှုန်း၊ ၅၀၀၀ ကျပ်ကနေ ၉၉၉၉ ကျပ်အတွင်းဖြည့်ရင် Bonus ၃၅ ရာခိုင်နှုန်း၊ ၁၀၀၀၀ ကျပ်နဲ့အထက် ဖြည့်ရင်တော့ Bonus ၅၀ ရာခိုင်နှုန်းတို့ပဲ ဖြစ်ပါတယ်။

အပိုရရှိလာတဲ့ဖုန်းဘေလ်လက်ဆောင်ကို ၃ ရက်အတွင်းအသုံးပြုရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က