ဈေးသင့်မယ့် အမိုက်စား 5g ဖုန်းပါ

ဟောင်ကောင်ဖုန်းကုမ္ပဏီ Infinix Mobile ရဲ့ ပထမဆုံး 5G ဖုန်းဟာ နောက်တစ်ပတ်ထဲ ဈေးကွက်မှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။ 

ဒီဇိုင်းဆန်းပြီး တန်ဖိုးနည်းတဲ့ ဘတ်ဂျက်ဖုန်းတွေ ထုတ်နေတဲ့ Infinix ကနေ Infinix Zero 5G နာမည်နဲ့ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို မိတ်ဆက်လိုက်တာပါ။ ဒီဖုန်းဟာ NR Networks တွေကို အထောက်အပံ့ပေးထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 



Photo: GSMArena

Infinix Zero 5G ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ OPPO Find X3 Pro စတိုင် ကျောဘက်ကင်မရာဒီဇိုင်းနဲ့လာပြီး ရှေ့ကင်မရာ Punch-Hole ကိုပဲ အလယ်တည့်တည့်မှာ သုံးသွားတာ ဖြစ်ပါတယ်။ Processor ပိုင်းမှာ Dimensity 900 Chipset လို အလတ်တန်းစား Chipset သုံးထားပြီး LPDDR5 RAM 8GB နဲ့ UFS 3.1 storage 128GB နဲ့လာပါတယ်။ 

RAM/Storage ဗားရှင်းတစ်မျိုးပဲ ထွက်ထားပေမယ့် MicroSD Slot ပါလို့ Storage ထပ်မြှင့်နိုင်မယ်လို့ ဆိုပါတယ်။ Infinix Zero 5G ဟာ အကြီးစား ၆.၇၈ လက်မ FHD+ LCD display နဲ့ လာပါတယ်။ Refresh Rate 120Hz နဲ့တူ Touch Sampling Rate 240Hz ၊ အမြင့်ဆုံးတောက်ပမှု Brightness 500nits အထိ ရပါတယ်။ 

ဖုန်းဒီဇိုင်းကို Uni-Curve လို့ ခေါ်ပြီး ကျောဘက်ကင်မရာ Bumb ဒီဇိုင်းဟာ OPPO ရဲ့ Flagship ထုတ်ကုန် Find X3 Pro နဲ့ ဆင်ပါတယ်။ ကင်မရာ Bump ထဲမှာ 48MP Main Sensor ၊ 13MP 2x Telephoto နဲ့ 2MP Depth Sensor ဆိုပြီး ကင်မရာသုံးလုံး ပါရှိပါတယ်။ ရှေ့ဘက် Selfie ကင်မရာအိမ်မှာထဲမှာ 16MP Sensor သုံးထားပါတယ်။ 

Photo: GSMArena

Infinix Zero 5G ဟာ 5000mAh ဘက်ထရီ ပါရှိပြီး 33W Charging ပံ့ပိုးထားပါတယ်။ ဖုန်းအပူလွန်ကဲမှု မဖြစ်စေဖို့ ဖုန်းအတွင်းအပူချိန် ထိန်းညှိပေးနိုင်တဲ့ Heat Pipe တစ်ခုလည်း ပါမယ်လို့ ဆိုပါတယ်။ သီချင်းနားထောင်ဖို့ 3.5mm Headphone Jack ပါရှိပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ XOS 10 နဲ့ လာပါတယ်။ 

Infinix ဟာ Zero 5G ကို Cosmic Black ၊ Horizon Blue နဲ့ Skylight Orange ဆိုပြီး ကာလာ ၃ ရောင်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဈေးကွက်အလိုက် ဈေးနှုန်းသတ်မှတ်သွားမှာ ဖြစ်ပြီး အိန္ဒိယဈေးကွက်ထဲ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဖြန့်ချိသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က