• တရုတ်မှ Huawei စက်ရုံ မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး

မီးလောင်ရတဲ့ အကြောင်းရင်း စုံစမ်းနေပါတယ်

တရုတ်နိုင်ငံတောင်ပိုင်း ဒေါင်ဂွမ်းမှာ ရှိတဲ့ Huawei ရဲ့ ‌‌ဆောက်လက်စ သုတေသနအဆောက်အဦ မီးလောင်ခဲ့ပြီးနောက် လူ ၃ ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့က Songshan Lake စက်မှုဖွံ့ဖြိုးရေးဇုန်အတွင်း ဆောက်လုပ်နေဆဲ အ‌ဆောက်အဦတစ်ခုမှာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ အစိုးရအဖွဲ့က ဆိုပါတယ်။ မီးလောင်မှုဟာ Huawei ရဲ့ သုတေသနစင်တာ ရှိတဲ့ အဆောက်အဦကနေ စတင်ခဲ့တာ ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်သားအားလုံးကို မီးလွတ်ရာ ကယ်ထုတ်ထားတယ်လို့လည်း NDTV သတင်းက ဖော်ပြထားပါတယ်။

image

Photo: SCMP

မီးသတ်သမားတွေနဲ့ ရှာဖွေရာမှာ အဆောက်အဦအတွင်း လူ ၃ ယောက် သေဆုံးနေတာ တွေ့ရတယ်လို့ အစိုးရဘက်မှ ပြောကြောင်း သောကြာနေ့ နှောင်းပိုင်းက Huawei ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ သေဆုံးသူတွေဟာ စက်မှုပန်းခြံစီမံရေးကုမ္ပဏီဘက်မှ ဝန်ထမ်းတွေ ဖြစ်တယ်လို့လည်း အစိုးရအာဏာပိုင်တွေက ပြောပါတယ်။

ဒေသမီးသတ်ဌာနရဲ့ သီးခြားထုတ်ပြန်ချက်မှာ မီးလောင်မှုကို ငြိမ်းသတ်ဖို့အတွက် မီးသတ်သမား ၁၄၀ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ချိန် လူမှုကွန်ရက်ပေါ် ညတွင်းချင်းတက်လာတဲ့ ပုံတွေအရ အဆောက်အဦတစ်ခုလုံး မီးခိုးငွေ့တွေနဲ့ အူ ထနေတာ တွေ့ရပါတယ်။ 

Huawei ရဲ့ အဆိုအရ အဆောက်အဦဟာ စတီးနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး အသုံးမပြုရသေးတဲ့ အဆောက်အဦဖြစ်တယ်လို့ ဆိုပါတယ်။ Huawei ရဲ့ ရုံးချုပ်ဟာ တရုတ်နိုင်ငံ တောင်ပိုင်းမြို့တော် ရှန်းကျင့်မှာ ရှိတာ ဖြစ်ပြီး ထုတ်လုပ်မှုပိုင်းနဲ့ သုတေသနအဆောက်အဦတွေဟာ ဒေါင်ဂွမ်းမှာ ရှိတာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က