မတ်လကုန်အထိ ပေးသွားမှာပါ။

စက်တင်ဘာ ၃၀ ရက်နေ့က စပြီး Google Meet အခမဲ့အစီအစဉ်သုံးစွဲသူတွေကို မိနစ် ၆၀ ထက် မများအောင် ကန့်သတ်မယ့် အစီအစဉ်ကို ပြန်ပြီး အပြောင်းအလဲလုပ်လိုက်တယ်လို့ Google က ကြေညာပါတယ်။


အစောပိုင်းက Google ဟာ အခမဲ့ Google Meet သုံးစွဲသူတွေကို Unlimited အစည်းအဝေး ခေါ်ဆိုမှု စက်တင်ဘာလကုန်ကစပြီး ရပ်ဆိုင်းမယ်လို့ ပြောခဲ့တာပါ။ စက်တင်ဘာ ၂၉ ရက်မှာတော့ Google Meet အစည်းအဝေးတွေကို ၂၀၂၁ ခုနှစ် မတ်လအထိ မိနစ် ၆၀ ထက် ပိုပြီး ခေါ်ဆိုခွင့်ပြုသွားမယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။




Photo: asiaone

" လာမယ့် အားလပ်ရက်ရာသီဆို ခရီးသွားလာမှု နည်းလာပြီး မိသားစုတွေ့ဆုံမှုတွေ ၊ မိဘဆရာအစည်းအဝေးတွေ နဲ့ ဗွီဒီယိုပေါ်ကနေ မင်္ဂလာပွဲလုပ်တာတွေ ရှိလာနိုင်တာကြောင့် Meet နဲ့ အစည်းအဝေးတွေ ဆက်ပြီး လုပ်နိုင်အောင် ကူညီပေးလိုက်တာ ဖြစ်ပါတယ်။" လို့ Google Meet ရဲ့ ထုတ်ကုန်မန်နေဂျာ ဆာမိုင်ရာပရက်ဟန်က ထုတ်ပြန်ချက်မှာပြောထားပါတယ်။ 

ထုတ်ပြန်ချက်ထဲမှာ Unlimited Meet ခေါ်ဆိုမှု (၂၄ နာရီအထိ) အခမဲ့ဗားရှင်းကို Google အကောင့်ပိုင်ရှင်တိုင်းအတွက် လာမယ့်နှစ် မတ်၃၁ ရက်နေ့အထိ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ COVID-19 ကပ်ဘေးကာလမှာ ရုပ်သံခေါ်ဆိုမှုတွေပေါ် အားကိုးနေရသူတွေအဖို့ Google Meet ရဲ့ ဒီအစီအစဉ်ဟာ ကြိုဆိုရမယ်လို့ ဆိုနိုင်ပါတယ်။

Google ဟာ ဒီနှစ်ထဲမှာ Zoom တို့လို ပြိုင်ဘက် Video Conferencing ဝန်ဆောင်မှုတွေ နဲ့ ယှဉ်နိုင်ဖို့ လူပေါင်း ၄၉ ဦးအထိ တစ်ပြိုင်တည်းပြနိုင်မယ့် Zoom ရဲ့ Gallery View နဲ့ နောက်ခံဘက်ဂရောင်းကို ဝါးပေးမယ့် Background blur features တွေလည်း ထည့်သွင်းလာပါတယ်။ 

စက်တင်ဘာ ၃၀ ရက်နေ့က စပြီး G Suite နဲ့ G Suite for Education သုံးစွဲသူတွေဟာ Google Meet ရဲ့ အဆင့်မြင့် features တစ်ချို့ ဖြစ်တဲ့ လူပေါင်း ၂၅၀ အထိ ပါဝင်တဲ့ အကြီးစားအစည်းအဝေး လုပ်ဆောင်မှုနဲ့ Google Drive ထဲ Meeting မှတ်တမ်း အခမဲ့ သိမ်းနိုင်ခွင့်တွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ဒီလို free access ရယူမှုကတော့ သက်တမ်းတိုးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က